Main menu

Background

ယခုတစ်ပတ်အတွင်း နို့ဆီနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 07/31/2023 - 11:50 -- journal_editor

နို့ဆီ
ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ   အမေရိကန်ဒေါ်လာ သုည ဒသမ ၆၃၉ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့ သည်။  တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ  ကြောင်းမှ နို့ဆီတန်ချိန် ၃၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
ဇူလိုင် ၁၅ ရက်မှ ၂၁  ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၃၀ဝ ကျော် တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ ဆွစ်စလန်နိုင်ငံ၊   သြစတြေးလျနိုင်ငံ၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီး၊   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)