Main menu

Background

ယခုတစ်ပတ် ပြောင်းနှင့်ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်ကျော်ရရ

Mon, 07/31/2023 - 12:16 -- journal_editor

ပြောင်း
ဇူလိုင် ၁၅ ရက်မှ  ၂၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်‌ဒေါ်လာ ၁၀ ဒသမ ၄၃၀ သန်းတန်ဖိုးရှိ ပြောင်းတန် ချိန် ၃၄၅၁၀ ကျော်  တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများမှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန်    ၃၄၀၂၀ ကျော်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၉၀ တင်ပို့ခဲ့သည်။
ယခုတစ်ပတ်    မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု   လမ်းကြောင်းမှ ပြောင်းတန်ချိန်   ၂၂၉၆၀ ကျော်နှင့်  မြန်မာ-တရုတ်နယ်စပ်   ကုန်သွယ်မှု လမ်းကြောင်းမှ ပြောင်းတန်ချိန် ၂၄၀ ကျော်တင်ပို့သဖြင့် နယ်စပ်မှစုစုပေါင်း ပြောင်းတင်ပို့မှုတန်ချိန် ၂၃၂၀ဝ ကျော် ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၆ ဒသမ ၇၂၈ သန်းရရှိခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ  ပြောင်းတင်ပို့မှုတန်ချိန် ၅၇၇၁၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၁၅၈  သန်းရရှိ သည်။ ယခင်တစ်ပတ် ပြောင်းတင်ပို့မှု နှင့်နှိုင်းယှဉ်ပါက ၁၈၉၀ဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ရော်ဘာ
ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း   ပုံမှန်ကုန်သွယ်မှုလမ်း ကြောင်းမှ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၃၀ သန်း  တန်ဖိုးရှိ    ရော်ဘာ  ၁၁၀၈ တန် တင်ပို့နိုင်ခဲ့သည်။ တင်ပို့မှု အနေဖြင့်   တရုတ်နိုင်ငံသို့   ရော်ဘာ ၁၀ဝ၈  တန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။
ယခုတစ်ပတ်   မြန်မာ-တရုတ် နယ်စပ်    ကုန်သွယ်မှုလမ်းကြောင်းမှ ရော်ဘာ ၁၃၆၇ တန် တင်ပို့ပြီး  တန်ဖိုး အမေရိကန်ဒေါ်လာ  ၁ ဒသမ ၆၇၆ သန်းရရှိသည်။   နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန်ချိန် ၂၄၇၀ ကျော် ရှိပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၃ ဒသမ ဝ၀၆ သန်း  ရရှိသည်။  ယခင်တစ် ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ရော်ဘာ တန်ချိန် ၄၈၀ ကျော်ပိုမိုတင်ပို့ခဲ့သည်။

အေးအေးသန့် (DOT)