Main menu

Background

ဆန်နှင့်ဆန်ကွဲ တန်ချိန် ငါးသောင်းခုနစ်ထောင်ခန့်တင်ပို့

Mon, 08/14/2023 - 10:10 -- journal_editor

ဇူလိုင် ၁ရက်မှ ၃၁ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ  အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၅၁ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၁၀ဝ၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်  တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ ဆန်တန်ချိန် ၁၃၇၈၀ ကျော်နှင့် အာရှနိုင်ငံများသို့  ဆန်တန်ချိန် ၇၂၄၀ ကျော် တင်ပို့နိုင်ခဲ့သည်။ အီးယူအဖွဲ့ဝင် နိုင်ငံများအနက် ဆန်တင်ပို့သော နိုင်ငံ များမှာ စပိန်နိုင်ငံသို့၂၂၄၀ တန်၊ ပိုလန် နိုင်ငံသို့ ၁၅၅၀တန်၊  တူကီယေးနိုင်ငံသို့ ၁၅၀ဝတန်၊     နယ်သာလန်နိုင်ငံသို့ ၁၂၅၀ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၁၃၀၉ တန်၊   ပေါ်တူဂီနိုင်ငံသို့ ၁၁၀ဝတန်၊ အီတလီနိုင်ငံသို့  ၁၀၆၀ ကျော်၊   ဘယ်လ်ဂျီယံနိုင်ငံသို့  တန် ၁၀ဝ၀ခန့်၊ ဂရိနိုင်ငံသို့ တန်၇၇၀ ကျော်၊ ချက်နိုင်ငံသို့ တန်၇၆၀၊ လစ်သူရေး နီးယားနိုင်ငံသို့ ဆန် ၃၇၅ တန်၊ ပြင်သစ် နိုင်ငံသို့ တန်၂၅၀၊ ဟန်ဂေရီ သို့၂၀ဝ တန်၊ ဂျာမနီနိုင်ငံနှင့် ရိုမေးနီယားနိုင်ငံ တို့သို့  ဆန်တန်ချိန် ၁၅၀ ကျော်စီနှင့် လစ်ဗျားနိုင်ငံနှင့် ခရိုအးရှားနိုင်ငံတို့သို့ လည်း အနည်းငယ် တင်ပို့နိုင်ခဲ့သည်။
ဆန်တင်ပို့သော အာရှနိုင်ငံများ မှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၆၇၆၅ တန် နှင့် ဟောင်ကောင်သို့ ဆန် ၄၆၀ တန် ကျော်   တင်ပို့ခဲ့သည်။  ယခုလတွင် မြန်မာ- တရုတ်  နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ သုညဒသမ ၅၃၂ သန်းတန်ဖိုးရှိ ဆန် ၁၁၇၈ တန်ကျော်တင်ပို့သည့်  နည်း လမ်း နှစ်သွယ်မှ  ဆန်တင်ပို့မှု  တန်ချိန် ၂၂၂၁၀ ခန့်   တင်ပို့သဖြင့်   ယခင်လ ဆန်တင်ပို့မှု နှင့်နှိုင်းယှဉ်ပါက ဆန်တန် ချိန် ၅၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့ သည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ် မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၈၅ သန်းတန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၂၇၁၀ဝ ကျော်   တင်ပို့နိုင်ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံ များသို့ ဆန်ကွဲတန်ချိန် ၆၇၅၀ ကျော် နှင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၆၁၅ တန် တင်ပို့နိုင်ခဲ့သည်။ 
အီးယူအဖွဲ့ဝင်  နိုင်ငံများအနက်  ဆန်ကွဲတင်ပို့သော   နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၃၇၅ တန်၊    ပိုလန်နိုင်ငံသို့ ဆန်ကွဲ ၁၅၀ဝ တန်၊ စပိန်နိုင်ငံသို့ ဆန်ကွဲ ၇၅၀ တန်နှင့် အီတလီနိုင်ငံသို့ ဆန်ကွဲ ၁၂၅ တန် တင်ပို့ပြီး အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်ကွဲ ၅၁၀ တန်ကျော် နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။ 
ယခုလအတွင်း မြန်မာ- တရုတ်  နယ်စပ်ကုန်သွယ်မှုမှ   အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၇၉ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၆၄၀ ကျော် တင်ပို့ခဲ့ သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲ တင်ပို့မှုတန်ချိန် ၃၄၇၆၀ ကျော်တင်ပို့ ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၄ ဒသမ ၁၆၄ သန်းရရှိခဲ့သည်။ ယခင်လ ဆန်ကွဲတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန် ချိန် ၉၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့ သည်။  ဇူလိုင်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှု  စုစုပေါင်းတန်ချိန် ၅၆၉၈၀ ကျော်တင်ပို့ပြီး  တန်ဖိုး အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၄၄၇ သန်း   ရရှိခဲ့ သည်။              

အေးအေးသန့် (DOT)