Main menu

Background

ဇူလိုင်လအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 08/14/2023 - 10:58 -- journal_editor

ဓာတ်မြေသြဇာ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၉၂  ဒသမ ၄၀၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၂၅၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၁၄၀ဝ၀ဝ ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၄၀ဝ၀ဝ  ကျော်၊   အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၂၅၀ဝ၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်၊ ဘရူနိုင်းနိုင်ငံမှ တန်ချိန် ၈၅၀ဝ ခန့်၊ ထိုင်းနိုင်ငံမှတန်ချိန် ၇၀ဝ၀ကျော်၊ ရုရှားနိုင်ငံမှ တန်ချိန် ၆၀ဝ၀ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၀ဝ၀ခန့်၊ မလေး ရှားနိုင်ငံမှ တန်ချိန် ၂၀ဝ၀ခန့်၊  ထိုင်ဝမ်မှ တန်ချိန် ၁၅၀ဝ ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၆၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်နှင့် ဖင်လန်နိုင်ငံမှ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရ သည်။  အနီးစပ်ဆုံးကာလနှင့်   နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၄၀ဝ၀ဝ ခန့် ပိုမိုတင်သွင်း ခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်းအတွင်း အမေရိကန်ဒေါ်လာ ၁၂  ဒသမ ၄၈၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၄၀ဝ၀ဝ ကျော်  တင်သွင်း ခဲ့သည်။  တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၃၇၀ဝ၀ ကျော်၊  ထိုင်းနိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၂၅၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  သုည  ဒသမ ၃၄၉  သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၃၀ဝ၀ ကျော်  တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန် ချိန် ၁၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော် တင် သွင်းခဲ့သည်။ နယ်စပ်မှ ဇူလိုင် ၁  ရက်မှ ၃၁ ရက်ထိကာလ အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၀၄ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၂၀ဝ၀ဝခန့်  တင်သွင်းခဲ့သည်။ တင်သွင်း မှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝကျော်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၅၀ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်  ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။

အိမ့် (DOT)