Main menu

Background

ဇူလိုင်လအတွင်း နို့ဆီ၊ နို့မှုန်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Mon, 08/14/2023 - 10:59 -- journal_editor

ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၂၀ဝ၀ ကျော်  ထိုင်းနိုင်ငံမှ  တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေ ကြောင်းမှ နို့ဆီ တန် ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ    အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၂၂ သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၈၀ဝ ကျော်  တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၉၈၁ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၉၀ဝ ကျော် တင်သွင်းခဲ့သည်။ ယခုတစ် ပတ်တွင် အာဂျင်တီးနား၊ ဘယ် ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘရာဇီး၊ တရုတ်ပြည ်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ၀ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။

အိမ့် (DOT)