Main menu

Background

ဇူလိုင်လအတွင်း ရော်ဘာနှင့်ပြောင်း တင်ပို့မှုအခြေအနေ

Mon, 08/14/2023 - 11:19 -- journal_editor

ရော်ဘာ
ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ  အမေရိကန်ဒေါ်လာ ၆ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၁၀ဝကျော်တင်ပို့ခဲ့သည်။  ရော်ဘာ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၃၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၆၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်နှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော် တင်ပို့ခဲ့သည်။ 
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၆၂သန်း  တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၅၆၈၀ ကျော် တင်ပို့သည်။   နည်းလမ်းနှစ်သွယ်မှ ရော်ဘာ တင်ပို့မှုတန်ချိန် ၁၀၇၈၀ ကျော်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၃ ဒသမ ၃၃၈ သန်း ရရှိကြောင်း သိရသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက  ရော်ဘာတန်ချိန် ၃၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ 
ပြောင်း
ဇူလိုင် ၁ရက်မှ ၃၁ ရက်ထိ  ကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ ပြောင်းတန်ချိန်  ၇၁၄၁၀ ကျော်တင်ပို့ ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅၉၅ သန်း ရရှိခဲ့ သည်။ ပြောင်းတင်ပို့မှုများမှာ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန်  ၆၉၆၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၇၂၀ ခန့် နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့သည်။
ယခုလအတွင်း မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်မှုလမ်း ကြောင်းမှ ပြောင်းတန်ချိန် ၉၆၁၇၀ ကျော်နှင့် မြန်မာ- တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်းတန်ချိန် ၁၅၅၀ ကျော် တင်ပို့နိုင်သဖြင့် စုစုပေါင်း  ပြောင်းတင်ပို့မှု  တန်ချိန် ၉၇၇၂၀ ကျော် တင်ပို့ပြီး    တန်ဖိုး အမေရိကန်ဒေါ်လာ  ၂၈ ဒသမ ၆၇၄ သန်းရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်း တင်ပို့မှု တန်ချိန် ၁၆၉၁၄၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ  ၅၀ ဒသမ ၂၆၉ သန်းရရှိသည်။

အေးအေးသန့် (DOT)