Main menu

Background

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 08/14/2023 - 11:21 -- journal_editor

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်မှ  ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်ထိ ကာလ အတွင်း ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၅၇၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ဒသမ ၅၁၇ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄  ဒသမ ဝ၉၅ သန်းဖြစ်ပြီး ယခင်ပတ်လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၅၀၂ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၇ သန်း လျော့နည်း တင် သွင်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ၂၃၉ သန်း လျော့နည်းခဲ့ကြောင်း သိရ သည်။
ယခင်တစ်ပတ်ထက် ပို့ကုန်ပိုင်းတွင်လျော့နည်းရခြင်းမှာ ပြောင်း၊ ရော်ဘာ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ နနွင်းတက်၊ သီဟိုဠ်စေ့၊ ပုစွန်၊ ငါးမှုန့်၊ တို့ တင်ပို့မှုပိုမိုခဲ့သော်လည်း ဆန်၊ ဆန်ကွဲ၊ မြေထောက်ပဲ၊ ပဲလွမ်းဖြူ၊ မြေပဲဆန်၊ နှမ်းနက်၊ ကြက်သွန်နီ၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ ဝါ၊ ငါးရှဉ့်၊ ကဏန်း၊ ငါးမျိုးစုံ၊ ပုစွန်ဖွဲ တင်ပို့မှု  လျော့နည်းခဲ့ခြင်းကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းအနေဖြင့် ယခင်တစ်ပတ်ထက် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ တယ်လီဖုန်းနှင့် ဆက်သွယ် ရေးကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ လေအေးစက်မျာ၊ ဝါယာကြိုးများ၊ ဓာတုဗေဒပစ္စည်းများနှင့်သုတ်ဆေး၊ ပေါလစ်များ တင်သွင်းမှုပိုမိုခဲ့သော်လည်း လယ်ထွန်စက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့်  သက်ဆိုင်သော ပစ္စည်းကိရိယာများ၊ စက်နှင့် စက်ပစ္စည်းများ၊ တွင်းထွက်ဆောက်လုပ်ရေးပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊  လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင် ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာများ၊ တာယာနှင့်ကျွတ်များ၊ ဘက်ထရီ  ခြောက်များ၊ လျှပ်စစ်မီးသီးနှင့် မီးသီးချောင်းများ၊ အချိုမှုန့်၊ ချည်ထည်များ၊ ချုပ်ပြီး အဝတ်အထည် နှင့် မီးဖိုးချောင်သုံးပစ္စည်းများ တင်သွင်းမှုလျော့နည်းခဲ့ခြင်းကြောင့် ယခင်ပတ်ထက် သွင်းကုန်လျော့နည်းခဲ့ခြင်းဖြစ်သည်။  

အိမ့် (DOT)