Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု အ‌ခြေအနေ

Mon, 08/14/2023 - 11:24 -- journal_editor

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉၉၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၈၅၉ သန်း၊ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၈၅၃ သန်းဖြစ်သည်။ ကာလတူ  လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး   အမေရိကန်ဒေါ်လာ   ၃၆ ဒသမ ၃၂၅ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆၄၁ သန်း  ပိုမိုခဲ့သဖြင့် ကုန် သွယ်မှု ပမာဏတန်ဖိုး အမေရိကန် ဒေါ်လာ ၁၁၇ ဒသမ ၉၆၆ သန်း ပိုမိုခဲ့ကြောင်းသိရသည်။  ပို့ကုန်ပိုင်းတွင် ကာလတူထက် ဆန်ကွဲ၊ ပဲလွမ်း ဖြူ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆန်၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊  ပဲနီကျား၊ စွန်တာနီ၊ နှမ်းနက်၊ ချင်း(စို)၊ ရော်ဘာကြမ်း၊ ရော်ဘာစိမ်း၊ ဝဥ (ခြောက်)၊  ကြက်သွန်နီ၊ ငရုတ်ကောင်းဆီ၊ နအ့ပူ ဗူသခသ့သူ ၉၆ % ၊Ethyl Alocohol 96 %  RICE HUSK CHARCOAL PULP PAPER  CMP  တို့ တင်ပို့မှု ပိုမိုတင်ပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။
ကာလတူလုပ်ငန်းထက် သွင်းကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ရင်းနှီး မြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး  ကုန်ကြမ်းပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလဖြစ်သော ဇွန်လ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက  ပို့ကုန်ပိုင်းတွင်  တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ  ၄၇၉ သန်းပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၆၄ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၄၃ သန်း ပိုမိုခဲ့ခြင်းဖြစ်သည်။   ပို့ကုန် ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ အဓိကပို့ကုန်ဖြစ်သည့် ပဲလွမ်းဖြူ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ပဲယင်း၊ ထောပတ်ပဲ ၊ နိုင်လွန်ပဲ၊ ချင်း(စို)၊ ရော်ဘာ၊ ဝဥ (ခြောက်)၊RICE HUSK CHARCOAL PULP PAPERနှင့် CMP  တင်ပို့မှု ပိုမိုခဲ့ခြင်းကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလထက် သွင်းကုန်ပိုင်းပိုမိုရခြင်းမှာ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအုပ်စုတွင် လျော့နည်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုတင်သွင်းခဲ့ခြင်း ကြောင့်ဖြစ်သည်။    

                                          
    ငြိမ်းဝေနှင်း (CJ)