Main menu

Background

ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Wed, 08/30/2023 - 16:15 -- journal_editor

ဓာတ်မြေသြဇာ
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၁၄  ဒသမ ၇၁၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၅၀ဝ၀ ခန့်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၂၄၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃၃၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၂၂၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊   မလေးရှားနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ အင်္ဂလန်နိုင်ငံမှတန်ချိန် ၅၀ဝကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှတန်ချိန် ၄၀ဝ ခန့် တင် သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ် ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၈၀ဝ၀ ကျော် ပိုမိုတင် သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း  အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၉၀ဝ၀ ခန့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာ  တန်ချိန် ၄၀ဝ၀ ခန့်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  သုည ဒသမ ဝ၀၈  သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၀ ကျော်  တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းခဲ့သည်။  နယ်စပ်မှ သြဂုတ် ၁၂  ရက်မှ ၁၈ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၀ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၅၀ဝ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ် ဆုံးကာလနှင့်နှိုင်းယှဉ်ပါက  နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၃၀ဝ၀ ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။  

 

အိမ့် (DOT)