Main menu

Background

နို့မှုန့်နှင့်ဆေးဝါးပစ္စည်များတင်သွင်းမှုအခြေအနေ

Wed, 08/30/2023 - 16:16 -- journal_editor

နို့မှုန့်
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀  သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၁၀ဝ  ကျော်  တင်သွင်းခဲ့ သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့မှုန့်တန်ချိန် ၂၂၀ ကျော် လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၅၉ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀ဝ ခန့် တင်သွင်း ခဲ့သည်။   ယခုတစ်ပတ်တွင်   အာဂျင်တီးနား၊ ဘယ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် DOT