Main menu

Background

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု

Thu, 08/31/2023 - 11:11 -- journal_editor

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု‌သေဂုတ် ၁၂ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာနှင့် ပြောင်းတင်ပို့မှုများကို စုစည်းဖော်ပြလိုက်ပါသည်။
ရော်ဘာ
သြဂုတ်လ စတုတ္ထပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၇ သန်း တန်ဖိုးရှိရော်ဘာ ၄၀၃ တန်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ၉၇၄ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၈၆၀ ကျော်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၉၆၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၀ဝ ကျော်ကို ထိုင်းနိုင်ငံသို့ အသီးသီးတင်ပို့ခဲ့ရာ စုစုပေါင်းရော်ဘာတင်ပို့မှု တန်ချိန် ၆၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
ပြောင်း
သြဂုတ် ၁၂ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၄သန်းတန်ဖိုးရှိ ပြောင်း ၅၈၈ တန်ကို ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုနှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၆၈၈၀ ကျော်ကိုလည်း တင်ပို့ခဲ့သည်။ ထိုသို့တင်ပို့ရာတွင်မြန်မာ-တရုတ် နယ်စပ်မှ ပြောင်းတန်ချိန် ၄၇၀ဝ ခန့်နှင့် မြန်မာ- ထိုင်း နယ်စပ်မှ ပြောင်းတန်ချိန် ၂၁၈၀ အသီးသီး တင်ပို့ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ပြောင်းတင်ပို့မှု စုစုပေါင်းတန်ချိန် ၇၄၆၀ ကျော်ရှိကြောင်း သိရသည်။

 

ငြိမ်းဝေနှင်း (CJ)