Main menu

Background

ဆန်နှင့် ဆန်ကွဲ တန်ချိန် ခြောက်သောင်းတစ်ထောင်ကျော် တင်ပို့

Mon, 09/11/2023 - 10:27 -- journal_editor

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ဝ၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၈၇၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 
မြန်မာနိုင်ငံမှ ဆန်တင်ပို့သော နိုင်ငံများအနက် အာရှတွင် ဖိလစ်ပိုင်နိုင်ငံသို့ တန် ၁၆၀၇၀၊ မလေးရှားနိုင်ငံသို့ တန် ၁၁၃၀၊ အရှေ့တီမောနိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀၊ ဟောင်ကောင်သို့ ဆန် တန်ချိန် ၃၁၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ဆန် ၁၇၄ တန် တင်ပို့ သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန် ၂၇၅၀  တန်၊ ပိုလန်နိုင်ငံသို့ ဆန် ၁၉၂၅ တန်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန် ၁၅၂၅ တန်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀၊ ဂရိနိုင်ငံသို့ ဆန် ၈၂၅ တန်၊ ယူနိုက်တက်ကင်းဒမ်းသို့ ဆန်တန်ချိန် ၆၅၀၊ ချက်နိုင်ငံ သို့ ဆန် ၆၀၆ တန်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၆၀ဝ၊ တူကီယေး နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၉၀၊ ခရိုအေးရှားနိုင်ငံသို့ ဆန် ၃၇၇တန်၊ ပြင်သစ်နိုင်ငံသို့ ဆန် ၃၂၅ တန်၊ ဂျာမနီနိုင်ငံသို့ ဆန် ၃၂၄ တန်၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၂၀၈ တန်၊ ဆလိုဗက် ကီးယားသို့ ဆန် ၁၂၅ တန်၊ အက်စတိုးနီးယားနိုင်ငံသို့ ဆန် ၁၇၅ တန်နှင့် လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ဆန်တန်ချိန် ၈၂၀ ကျော်တင်ပို့ပြီး  တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၇၀ သန်းရရှိသည်။  နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့ တန်ချိန် ၃၂၁၇၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၂၆ သန်း ရရှိပါသည်။  ယခင်လဆန်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန် တန်ချိန် ၉၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၁၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၅၄၆၀ကျော်တင်ပို့နိုင်ပြီး တင်ပို့မှုအနေ ဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၇၅၀ နှင့် အာရှ နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၀၇၁၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 
ဆန်ကွဲတင်ပို့မှုအနေဖြင့်  အာရှနိုင်ငံများတွင် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၃၂၃၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၃၃၀၊ ဗီယက်နမ်နိုင်ငံသို့ ၂၀၃၀ တန် နှင့် စင်ကာပူနိုင်ငံသို့ ဆန်ကွဲ ၁၂၅ တန် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲ ၂၃၇၅ တန်၊ ချက်နိုင်ငံသို့ ဆန်ကွဲ ၅၇၅ တန်၊ နယ် သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်၊ အီတလီနိုင်ငံသို့ ဆန်ကွဲ ၃၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝနှင့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ တင်ပို့ သည်။ 
ယခုလအတွင်း မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်မှုမှ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၄၀ သန်းတန်ဖိုးရှိဆန်ကွဲ တန်ချိန် ၃၉၂၉  တင်ပို့ခဲ့သည်။  နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု  တန်ချိန် ၂၉၃၉၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၅၄ သန်းရရှိသည်။ ယခင်လ ဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၅၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ 
သြဂုတ်လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၆၁၅၆၀  ကျော်ရှိပြီး  တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၈၀ သန်း ရရှိခဲ့သည်။  အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဆန်နှင့် ဆန်ကွဲ တန်ချိန် ၄၅၀ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

အေးအေးသန့် (DOT)