Main menu

Background

သြဂုတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 09/11/2023 - 10:29 -- journal_editor

ရော်ဘာ
သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်းတန်ဖိုးရှိ ရော်ဘာ ၂၁၁၆ တန်ကျော်တင်ပို့ခဲ့သည်။  ရော်ဘာတင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့ ရော်ဘာ ၁၇၁၃ တန်ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၄၀၃တန်ကျော် တင်ပို့ ခဲ့သည်။
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၂၄ ဒသမ ဝ၀၁ သန်း  တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၁၉၅၂၀  ကျော် တင်ပို့သဖြင့်   နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ရော်ဘာတင်ပို့မှု  တန်ချိန် ၂၁၆၃၀ ကျော်ရှိပြီး တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၆ ဒသမ ၇၃၉ သန်းရရှိသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၁၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။ 
ပြောင်း
သြဂုတ် ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ ပြောင်းတန်ချိန်  ၂၀၃၈၀ ကျော်တင်ပို့ ပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ ၆  ဒသမ ဝ၆၅ သန်း ရရှိ သည်။ 
ပြောင်းတင်ပို့မှုများမှာ  ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန်  ၁၇၂၅၀ ကျော် နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၁၃၆ တန် တင်ပို့သည်။
ယခုလအတွင်း  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၂၅ သန်း တန်ဖိုးရှိ ပြောင်း တန်ချိန် ၄၇၆၄၀ ကျော် တင်ပို့သည်။  တင်ပို့မှုများအနေဖြင့်  မြန်မာ-ထိုင်း  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း ၃၇၆၅၄ တန်ကျော်နှင့် မြန်မာ-တရုတ်  နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ ပြောင်း ၉၉၈၇ တန်ကျော်တင်ပို့သည်။  ပြောင်း တင်ပို့မှုစုစုပေါင်း တန်ချိန် ၆၈၀၂၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၁၉ ဒသမ ၅၉၀ သန်း ရရှိသည်။

အေးအေးသန့် (DOT)