Main menu

Background

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 09/11/2023 - 10:37 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၀၂  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၆၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၉  ဒသမ ၈၈၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် ၅၁၈ ဒသမ ၁၀၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။
ကာလတူဖြစ်သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူလိုင်လ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ် ပါက ပို့ကုန် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၈၂၈ သန်းနှင့် သွင်းကုန်  အမေရိကန်ဒေါ်လာ  ၈၉ ဒသမ ဝ၂၂ သန်း ပိုမိုခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈၅၀ သန်း ပိုမိုဆောင်ရွက်ခဲ့ သည်။             
ကာလတူထက် ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ  အဓိကပို့ကုန်အမယ်များဖြစ်သော  ပြောင်း၊ ပဲလွမ်းဖြူ၊ ပဲတီစိမ်း၊ ပဲကြီး၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆန်၊ မတ်ပဲ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ ပဲနီကြား၊ စွန်တာနီပဲ၊ နှမ်းနက်၊ ရော်ဘာကြမ်း၊ ရော်ဘာစိမ်း၊ ဝဥ (စို/ခြောက်)၊ ဗိုလ်ကိတ်ပဲ၊ ကြက်သွန်နီ၊Rice Husk Charcol Pulp paper, CMP  တို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုရခြင်းဖြစ်သည်။ 
အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၈၂၇ သန်းပိုမိုပြီး ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ ဒသမ ဝ၃၅ သန်းပိုမိုခဲ့ကြောင်း သိရသည်။ 
ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ ပြောင်း၊ ပဲကြီး၊ မြေပဲ ဆန်၊ မတ်ပဲ၊ ပဲနီကြား၊ စွန်တာနီပဲ၊ နှမ်းနက်၊ ပြောင်းဖတ်ချဉ်၊ ရော်ဘာ၊ ဝဥ (စို/ခြောက်) ၊ ကွမ်းသီး၊ ဗိုလ်ကိတ်ပဲ၊ ကြက်သွန်နီတို့တင်ပို့မှု ပိုမိုခဲ့ သောကြောင့်ဖြစ်သည်။                                                                                              

အိမ့် (DOT)