Main menu

Background

သြဂုတ်လအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 09/11/2023 - 10:57 -- journal_editor

ဓာတ်မြေသြဇာ
သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၆၂   ဒသမ ၈၅၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၅၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်ချိန် ၇၀ဝ၀ဝ ခန့်၊ အိုမန်နိုင်ငံမှ တန်ချိန် ၄၀ဝ၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၄၀ဝ၀ခန့်၊ တောင်ကိုရီး ယားနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန် ချိန်  ၈၅၀ဝ ကျော်၊ ဘရူနိုင်း နိုင်ငံမှ တန်ချိန် ၃၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၂၈၀ဝ ကျော်၊  ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ခန့်၊  လာအိုနိုင်ငံမှ တန်ချိန် ၁၁၀ဝ ကျော်၊ အီရန်နို‌ေင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အင်္ဂလန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ရုရှားနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၄၀ဝ ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ နော်ဝေနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ထိုင်ဝမ်နိုင်ငံမှ  တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ် ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ဝ ခန့်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှုမှ သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း  အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၂၃  သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၄၀ဝ၀ဝ ကျော် တင်သွင်းခဲ့ သည်။ ထိုင်းနိုင်ငံမှ တန်ချိန် ၁၇၀ဝ ကျော်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ  တန်ချိန် ၃၈၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ အနီး စပ်ဆုံးကာလနှင့်   နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၃၃၀ဝ ကျော်   လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ    အမေရိ ကန်ဒေါ်လာ  သုည ဒသမ ၃၀၂  သန် တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၃၀ဝ၀ ကျော်  တင် သွင်းခဲ့သည်။ ထိုင်းနိုင်ငံမှ တန်ချိန် ၂၆၀ဝ ကျော်၊ မလေးရှား နိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန် ၆၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ နယ်စပ်မှ သြဂုတ် ၁  ရက်မှ  ၃၁ ရက်ထိကာလအတွင်း အမေရိကန် ဒေါ်လာ ၁ဒသမ ၅၈၅ သန်းတန်ဖိုးရှိ  ဘိလပ်မြေတန်ချိန် ၂၀ဝ၀ဝ ခန့်  ထိုင်းနိုင်ငံမှ   တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန် ချိန် ၁၅၀ ကျော်  ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)