Main menu

Background

အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ နိုဝင်ဘာလတွင် ပြန်လည်ရရှိမည်

Mon, 09/11/2023 - 11:55 -- journal_editor

မြန်မာနိုင်ငံက   အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ လာမည့် နိုဝင်ဘာလတွင် ပြန်လည်ရရှိ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ပြီးခဲ့သည့် ရှစ်လတာအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ်များတွင် လက်ခစား ဃဏြ အထည်ချုပ်လုပ်ငန်းများက အများဆုံးဖြစ်ပြီး အဆိုပါ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။
]]ရင်းနှီးမြှုပ်နှံမှုကတော့ တရုတ်များလိမ့်မယ်။ တခြား နိုင်ငံတွေလည်းရှိပါတယ်။ အရေအတွက်ချင်း ယှဉ်ကြည့်မယ် ဆိုရင်တော့  တရုတ်များတယ်လို့ ယူဆလို့ရပါတယ်}} ဟု အဆိုပါအသင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်   ဦးထွန်း ထွန်းက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။
လက်ခစားစနစ်ဖြင့် ချုပ်လုပ်ကြသည့် ဃဏြ အထည် ချုပ်လုပ်ငန်းများတွင်  ဂျပန်၊ တရုတ်၊  တောင်ကိုရီးယား အပါအဝင် နိုင်ငံစုံက လာရောက်ရင်းနှီးမြှုပ်နှံ  လုပ်ကိုင်နေ ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ်   ဇန်နဝါရီလမှ   သြဂုတ်လအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်း‌များ၊ ဟိုတယ် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်း များနှင့် လက်ခစား ဃဏြ အထည်ချုပ်လုပ်ငန်းများ အပါ အဝင် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ် ၄၅ ခုကို  ခွင့်ပြုပေးခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရှစ်လတာအတွင်း ခွင့်ပြုခဲ့သည့် လ ုပ်ငန်းအများစုမှာ လက်ခစား ဃဏြ အထည်ချုပ်လုပ်ငန်း‌များသာဖြစ်ပြီး တရုတ် နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကာ ထိုင်း၊ တောင်ကို ရီးယား၊ ဂျပန်နိုင်ငံတို့ကလည်း လာရောက်ရင်းနှီးမြှုပ်နှံထား ကြောင်း သိရသည်။ 
ပြည်တွင်းက မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိကအထည်ချုပ် လုပ်ငန်းအများစုသည်လည်း အဆိုပါ ပြည်ပရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်လုပ်ငန်းတွေနဲ့တန်းတူ ပြည်ပက အော်ဒါအမှာစာ များအတွက် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ပြီး လုပ်ငန်းလည် ပတ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်  လှိုင်သာယာစက်မှုဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၂၉ ဇုန်ရှိပြီး အထည်ချုပ်လုပ်ငန်း ပေါင်း ၃၀ဝ ကျော်မှ ၄၀ဝ ဝန်းကျင်ခန့်အထိ လုပ်ငန်းဆက် လက်လည်ပတ်နေကြောင်း သိရသည်။
အဆိုပါ စက်ရုံများတွင်  တိုက်ရိုက်ခန့်အပ်ထားသည့် အလုပ်သမား လေးသိန်းကျော်မှ ငါးသိန်းနီးပါးဝန်းကျင်ခန့် အပါအဝင် ဆက်စပ်နေသည့် လုပ်ငန်းများက အလုပ်သမားဦး ရေ ခုနစ်သိန်းမှနေ၍  ရှစ်သိန်းဝန်းကျင်အထိ အလုပ်အကိုင် ရရှိထားကြောင်း သိရသည်။                                        

 

ပန်းဆု