Main menu

Background

မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်မှုများ

Mon, 09/11/2023 - 14:20 -- journal_editor

ကရင်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးခဲ့မှု ကြောင့် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင်  မြဝတီမြို့ နှင့် ကော့ကရိတ်မြို့အကြားရှိ ဒေါနတောင်၊ တော နော်ရေတံခွန်အနီးဝန်းကျင်တစ်ဝိုက်တွင်  လမ်း ပိုင်းတစ်ခု ပြတ်တောက်သွားခြင်း၊ နေရာနှစ်ခုတွင် တောင်ပြိုကျခြင်းများဖြစ်ပေါ်၍ ယာဉ်များ သွား လာမရနိုင်တော့ဘဲ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်သွားခဲ့သည်။ 
သို့သော်   ကရင်ပြည်နယ်အစိုးရ၏ ကြီး ကြပ်မှု၊ လမ်းဦးစီးဌာန၏ အားသွန်ခွန်စိုက် ဆောင် ရွက်မှုများကြောင့်    လမ်းပိုင်းပြတ်တောက်သည့် နေရာတွင် ဘေလီတံတား ဆောက်လုပ်ခဲ့ပြီး၂၀၂၃ ခုနှစ် သြဂုတ် ၂၅ ရက်  နံနက်ပိုင်းမှစတင်၍ ယာဉ် ငယ်များ ဖြတ်သန်းခွင့်ပြုခဲ့ပြီး  ပို့ကုန်သွင်း  ကုန် ယာဉ်ကြီးများကိုပါ   ပြန်လည်ဖြတ်သန်းနိုင်ရေး ဆောင်ရွက်ခွင့်ပြုပေးပြီးဖြစ်သည်။
လမ်းပိုင်းပြန်လည်ကောင်းမွန်သွား၍ပို့ကုန် ပစ္စည်းများမှ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက် ကုန်ပစ္စည်းများ၊ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက် သွန်နီနှင့် ငရုတ်များ ပျက်စီးမှုမရှိဘဲ အချိန်ကိုက် တစ်ဖက်နိုင်ငံသို့ လွယ်ကူချောမွေ့စွာ တင်ပို့နိုင် ရေး ဦးစားပေးဆောင်ရွက်နိုင်ခဲ့သည်။ အခွန်ကင်း လွတ်ခွင့်ဖြင့်  တင်ပို့သည့်   ပြောင်းသီးနှံကိုလည်း သတ်မှတ်ရက်အတိုင်း     အချိန်မီ တင်ပို့နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။    ပြည်တွင်း  လိုအပ်မှု ရှိနေသည့် သွင်းကုန်ပစ္စည်းများဖြစ်သည့် ဓာတ် မြေသြဇာ၊ တိရစ္ဆာန် အစာ၊ CMP ကုန်ကြမ်းပစ္စည်း များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လည်း အဆင်ပြေချောမွေ့စွာ    တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်   ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း  ပို့ကုန်ယာဉ် ၁၄၅၇ စီး၊ တန်ဖိုး ၁၅ ဒသမ ၂၁၉ ဒေါ်လာသန်း၊  သွင်းကုန် ယာဉ် ၂၃၂၇ စီး၊ တန်ဖိုး ၄၀ ဒသမ ဝ၂၃ ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ ၃၇၈၄ စီး တန်ဖိုး ၅၅ ဒသမ ၂၄၂ ဒေါ်လာသန်းကို ကုန်သွယ်မှုပြန်လည် ဆောင်ရွက်နိုင်ခဲ့သည်။ 
မြဝတီလမ်းပိုင်းသည် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးအတွက်  အဓိက ကုန်စည်ကူးသန်း နေသည့်လမ်းပိုင်းဖြစ်သည့်အပြင်     ဒေသတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့အတွက် အရေးပါ သည့်လမ်းပိုင်းဖြစ်၍   သက်ဆိုင်ရာ    ပြည်နယ် အစိုးရနှင့် တာဝန်ရှိသူများမှ ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေးအတွက်   ဝိုင်းဝန်းကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်