Main menu

Background

ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Tue, 09/26/2023 - 10:10 -- journal_editor

ဆန်
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ဝ၈၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၄၆၁၀ ကျော် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၉၀ဝ၊ အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၂၁၅၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန်  ၁၅၆၀ တင်ပို့ကြောင်းသိရသည်။  အာရှနိုင်ငံများအနက် ဆန် တင်ပို့သော  နိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၄၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃၉၀ဝ၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၁၂၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၂၇၀ ကျော်နှင့် ထိုင်ဝမ်သို့ ဆန်တန်ချိန် ၁၂၀ ကျော် တင်ပို့ခဲ့သည်။ 
အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ချက်နိုင်ငံသို့  ဆန်တန်ချိန် ၇၂၇ တန်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ လစ်သူရေးနီးယားနိုင်ငံနှင့် ခရိုအေး ရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ စီ၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၇၅ တန်၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ နှင့် ဟန်ဂေရီနိုင်ငံသို့ ဆန် ၁၂၅ တန် တင်ပို့ ပြီး အာဖရိကနိုင်ငံများဖြစ်သော မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၄၀ နှင့် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၅၂၀ တင်ပို့ကြောင်း သိရသည်။
စက်တင်ဘာလ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု မှ အမေရိကန် ဒေါ်လာ သုည ဒသမ ၈၉၈ သန်း တန်ဖိုးရှိ ဆန် ၂၀ဝ၉ တန် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုတန်ချိန် ၁၆၆၂၀ ခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၇၈ သန်း ရရှိခဲ့သည်။ ယခင် တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၇၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။ 
ဆန်ကွဲ
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၇ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၈၁၀ဝ ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၄၁၅၀ နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ သို့ ဆန်ကွဲတန်ချိန် ၃၉၅၀ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့သော အာရှနိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၃၀ဝ၊ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၆၀ နှင့် ဗီယက်နမ်နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၁၂၉၀ တင်ပို့ပြီး အီးယူအဖွဲ့ဝင် နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၂၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၀ဝ၊ ချက်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ နှင့် ဂျာမနီနိုင်ငံသို့ ဆန်ကွဲတန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။
ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ သုည ဒသမ ၆၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၇၀ဝ ကျော် တင်ပို့ ခဲ့သဖြင့် နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၉၈၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၁၀ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၄၀ဝ၀ ကျော် ပိုမိုတင်ပို့ ခဲ့သည်။
စက်တင်ဘာလ ဒုတိယပတ်တွင် ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန် ချိန် ၂၆၄၂၀ ကျော်ရှိကြောင်း သိရသည်။                                      

DAAT