Main menu

Background

စက်တင်ဘာ ဒုတိယပတ် ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Tue, 09/26/2023 - 10:11 -- journal_editor

ရော်ဘာ
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃၇ သန်း တန်ဖိုးရှိ ရော်ဘာ ၉၀၇ တန် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှု အနေဖြင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၀ဝ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ ကျော်တင်ပို့ကြောင်း သိရသည်။ 
စက်တင်ဘာ ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၆၀၉ တန် တင်ပို့ကြောင်း သိရ သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်း တန်ချိန် ၂၅၁၀ ကျော်ရှိပြီး  တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇၂ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ရော်ဘာတင်ပို့မှု နှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၅၀ဝ ကျော် ပိုမိုတင်ပို့ ခဲ့သည်။
ပြောင်း
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၈ သန်းတန်ဖိုးရှိ ပြောင်း ၉၉၅ တန်ကျော် တင်ပို့ခဲ့သည်။ ပြောင်း  တင်ပို့မှုအနေဖြင့်  ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၉၇၀ ကျော်နှင့်  စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့‌ ကြောင်း သိရသည်။
စက်တင်ဘာဒုတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၀ သန်း တန်ဖိုး ရှိ ပြောင်းတန်ချိန် ၄၁၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ ပြောင်းတင်ပို့မှုတန်ချိန် ၅၁၁၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃၈ သန်း ရရှိခဲ့သည်။ ယခင် တစ်ပတ် ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် တစ်ထောင်ကျော် ပိုမိုတင်ပို့ခဲ့သည်။

DAAT