Main menu

Background

တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့

Tue, 09/26/2023 - 11:57 -- journal_editor

ယခု ၂၀၂၃ ခုနှစ်၊ ရှစ်လတာကာလအတွင်း တရုတ် နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော်   တင်ပို့ခဲ့ကြောင်း မူဆယ်နယ်စပ်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ     သိရသည်။တရုတ်နိုင်ငံသို့   ယခုနှစ်  ဇန်နဝါရီမှ သြဂုတ်လကုန်အထိ နယ်စပ်မှတစ်ဆင့် ဖရဲသီးတန်ချိန် ၁၁၃၀ဝ၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး ကားအစီးရေ ၇၀ဝ၀ ကျော်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း၌    ဖရဲသီးလှိုင်လှိုင်ထွက်ချိန်တွင် နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ပြီး ယင်းအချိန်များတွင် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖရဲသီးပေါ်ချိန်က တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချရာတွင်    ဈေးကောင်းရရှိခဲ့ခြင်း ကြောင့်လည်း ယခုနှစ် ဖရဲရာသီတွင် ဖရဲစိုက်သူ  များပြားလာ ကြောင်း သိရသည်။ ထို့ကြောင့် လာမည့်ရာသီ  ဖရဲသီးပေါ်ချိန်တွင် တရုတ် နိုင်ငံအတွင်းသို့ ဖရဲသီးတင်ပို့မှု ပိုမိုများပြားလာနိုင်ကြောင်း မူဆယ်နယ်စပ်ရှိ ကုန်သည်များက ခန့်မှန်းထားသည်။  ပြည်တွင်းမှထွက်ရှိသည့်   ဖရဲသီးအပါအဝင် သစ်သီး ဝလံများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းမှ အဓိက   အများဆုံး တင်ပို့နေခြင်းဖြစ် သည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖရဲ၊ သခွား စိုက်ဧက ၈၀ဝ၀ဝ ကျော်ရှိပြီး စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးလာကြောင်း သိရသည်။

ပန်းဆု