Main menu

Background

စက်တင်ဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု အခြေအနေ

Tue, 10/10/2023 - 08:43 -- journal_editor

ဆန်
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၉၂၆၀ကျော် တင်ပို့ကြောင်း သိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန် တန်ချိန် ၃၃၄၉၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၁၀၁၉၀ ကျော်နှင့်  အာဖရိကနိုင်ငံများသို့ ဆန် တန်ချိန် ၅၅၇၀ ကျော် တင်ပို့ခဲ့သည်။
အာရှနိုင်ငံများတွင် ဆန်တင်ပို့သော   နိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၁၇၇၀ ကျော်၊ မလေးရှား နိုင်ငံသို့ ဆန်တန်ချိန် ၁၁၃၉၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တန်ချိန် ၉၅၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်၄၀၆ တန်ကျော်၊ ဟောင်ကောင်သို့ ဆန်၂၃၀ ကျော်နှင့် ထိုင်ဝမ်သို့ တန်၁၀ဝ ကျော် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန် တင်ပို့သော နိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၁၂၀ တန်ကျော်၊ စလိုဗီးနားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၂၀ ၊ ချက် နိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန် ချိန် ၇၅၀ကျော်၊ လစ်သူရေးနီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ ဆန်တန်ချိန် ၅၀ဝ စီ၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ ကျော်၊ ဘူလ်ဂေး ရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၃၃၀ ကျော်၊ နယ်သာလန်နိုင်ငံ သို့ ဆန်တန်ချိန် ၂၅၀၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန်၁၅၀၊ ဂျာမနီနိုင်ငံသို့ ဆန်တန် ချိန် ၁၃၀၊ လစ်ဗျားနိုင်ငံသို့ ဆန်တန်ချိန်၁၀ဝ၊ ရိုမေးနီးယား နိုင်ငံသို့ ဆန် ၁၀၄ တန်၊ ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံသို့လည်း ဆန်တန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။
မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန်ချိန် ၃၆၄၀၊ နယူးဇီလန်နိုင်ငံ သို့ ဆန်တန်ချိန် ၅၀ဝ၊ ဘီနင်နိုင်ငံသို့ ဆန်တန်ချိန် ၁၅၇ကျော်၊ တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၁၅၇ ကျော်နှင့် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၁၁၈ တန် တင်ပို့ခဲ့သည်။ 
စက်တင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုမှ ဆန် ၃၄၇၅ တန်ကျော်တင်ပို့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၅၅၂ သန်းရရှိသည်။  နည်းလမ်းနှစ်သွယ်မှ ဆန်တင်ချိန် ၅၂၇၃၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂၈ ဒသမ ၆၀၄ သန်းကျော် ရရှိခဲ့သည်။ ယခင်လ ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၂၀ဝ၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။ 

ဆန်ကွဲ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၉၄ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၉၅၅၀ ကျော် တင်ပို့ခဲ့ သည်။ ဆန်ကွဲ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၁၅၀၅၀ ကျော်နှင့် အီးယူအဖွဲ့ဝင်  နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၄၅၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်ကွဲတင်ပို့သော အာရှနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅၉၀ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန် ချိန် ၄၀၃၀၊ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၃၇၀ ကျော် နှင့် စင်ကာပူနိုင်ငံသို့  ဆန်ကွဲတန်ချိန် ၅၀ တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်ကွဲတင်ပို့သော နိုင်ငံများ မှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၉၀ဝ၀ ကျော်၊ နယ် သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ၀၊ ယူနိုက်တက်ကင်းဒန်း နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၅၀ ၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၅၀၊ ချက်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ၊ စပိန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၂၅၀၊ အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀၊ ဂျာမနီ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ကျော်နှင့် ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ ကျော် အသီးသီးတင်ပို့ခဲ့သည်။  
စက်တင်ဘာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုမှ ဆန်ကွဲတန်ချိန် ၃၇၃၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၂၂ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ် သွယ်မှ ဆန်ကွဲတင်ပို့မှု  တန်ချိန်၃၃၂၈၀ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၁၆ သန်း ရရှိခဲ့သည်။ ယခင် လ ဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၃၅၀ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
စက်တင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစု ပေါင်းတန်ချိန် ၈၆၀၁၀ကျော် တင်ပို့နိုင်ပြီး  တန်ဖိုး အမေ ရိကန်ဒေါ်လာ ၄၃ ဒသမ ၃၂၀ သန်းကျော်ရရှိခဲ့သည်။
 

DAAT