Main menu

Background

စက်တင်ဘာလအတွင်း ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့

Tue, 10/10/2023 - 08:53 -- journal_editor

စက်တင်ဘာလအတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၁၃၃၈၂၀ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၈၈၉ သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။
မတ်ပဲ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ဝ၅၃ သန်း တန်ဖိုးရှိ  မတ်ပဲတန်ချိန် ၁၀၇၈၇၀ ကျော်  တင်ပို့ခဲ့သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တန်ချိန် ၈၅၄၇၀ ကျော်၊ ပါကစ္စတန် နိုင်ငံသို့ တန်ချိန် ၅၆၀ဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၁၃၀ ကျော်၊ မလေး ရှားနိုင်ငံသို့ တန်ချိန်၁၀ဝ၀ ကျော် တင်ပို့ခဲ့သည်။ ထို့ပြင် ဂျပန်နိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့လည်း တင်ပို့ ခဲ့သည်။ အာရှနိုင်ငံများသာမက ယူအေအီးနိုင်ငံများသို့ တန်ချိန် ၂၅၀ဝ နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။
မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်မှုမှလည်း စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၆၇ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၂၄၀ ကျော် တင်ပို့ခဲ့သဖြင့် စက်တင်ဘာလ၏ မတ်ပဲတင်ပို့မှုမှာ တန်ချိန် စုစုပေါင်း ၁၀၈၁၁၀ ရှိခဲ့သည်။
ပဲတီစိမ်း
စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေ ရိကန်ဒေါ်လာ တန်ဖိုး ၈  ဒသမ ၉၈၆ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၁၃၃၂၀ ကျော် တင်ပို့ခဲ့ရာ  စင်ကာပူနိုင်ငံသို့ တန်ချိန် ၄၆၃၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၂၈၀ဝ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၃၀ဝ၊ တရုတ်နိုင်ငံသို့ တန်ချိန် ၁၅၃၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၁၇၀ ကျော်၊ ထိုင်းနိုင်ငံသို့ တန်ချိန်၇၀ဝ တင်ပို့ပြီး ယူအေအီးနိုင်ငံများသို့ တန်ချိန် ၁၀ဝ ခန့်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။                        

 

CJ