Main menu

Background

စက်တင်ဘာလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Tue, 10/10/2023 - 09:05 -- journal_editor

ရော်ဘာ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၅၁၀ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၈၀ဝ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၀၄ တန်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော် တင်ပို့ခဲ့သည်။
စက်တင်ဘာလအတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ  ၇ ဒသမ ဝ၁၇ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၈၂၀ ကျော် တင်ပို့ခဲ့သဖြင့် နည်းလမ်းနှစ်သွယ်မှ ရော်ဘာတန်ချိန် ၇၃၃၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုး  အမေရိကန်ဒေါ်လာ  ၉ ဒသမ ဝ၃၄ သန်းရရှိသည်။ ယခင်လ ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် တစ်သောင်းကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။
ပြောင်း
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၁၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၉၂၂၀ ကျော် တင်ပို့ခဲ့သည်။ ပြောင်းတင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၉၂၀ဝ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့ခဲ့သည်။
စက်တင်ဘာလအတွင်း မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်းတင်ပို့မှု တန်ချိန် ၇၈၄၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပြောင်းတင်ပို့မှု တန်ချိန် ၂၅၃၂ ကျော် တင်ပို့ခဲ့သဖြင့် နယ်စပ်မှ စုစုပေါင်း ပြောင်းတန်ချိန် ၁၀၃၇၀ ကျော်တင်ပို့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၉၁၈ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ  ပြောင်းတန်ချိန် ၁၉၅၉၀ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၃၁ သန်းရရှိခဲ့သည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် လေးသောင်းကျော် လျော့နည်းသည်ကို စာရင်းများအရ သိရှိရသည်။                                        

 

        DAAT