Main menu

Background

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Tue, 10/10/2023 - 11:25 -- journal_editor

ဓာတ်မြေသြဇာ
စက်တင်ဘာ  ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်  ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇၂   ဒသမ ၅၇၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၈၀ဝ၀ဝ ကျော်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၈၀ဝ၀ဝ ကျော်၊ မလေးရှား နိုင်ငံမှတန်ချိန် ၁၉၀ဝ၀ ခန့်၊  အိုမန်နိုင်ငံမှ တန်ချိန် ၃၇၀ဝ၀ ကျော်၊ ဘာရိန်းနိုင်ငံမှ တန်ချိန် ၁၆၀ဝ၀ ကျော်၊ ဘရူနိုင်းနိုင်ငံ မှ တန်ချိန် ၅၅၀ဝ ကျော်၊ တောင်ကိုရီးယားနိုင်ငံမှ တန်ချိန် ၅၅၀ဝခန့်၊ လာအိုနိုင်ငံမှ တန်ချိန် ၂၇၀ဝ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၁၇၀ဝခန့်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ နော်ဝေနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဥဇဘက်ကစ္စတန် နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ခန့်၊ ထိုင်ဝမ်မှ တန်ချိန် ၈၀ဝ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံမှ တန်ချိန် ၇၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝကျော်၊ အစ္စရေးနိုင်ငံမှ တန်ချိန် ၅၀ခန့်၊ စပိန် နိုင်ငံမှ တန်ချိန် ၄၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၁၀ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာ တန်ချိန် ၂၅၀ဝ၀ခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်ကုန်သွယ်မှု မှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက် ထိကာလအတွင်း အမေရိကန် ဒေါ်လာ ၂  ဒသမ ၁၈၃ သန်း တန်ဖိုးရှိဓာတ် မြေသြဇာတန်ချိန် ၈၀ဝ၀ ခန့်  တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန် ချိန် ၇၀ဝ၀ ခန့်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀  ကျော်တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ် ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၃၀ဝ၀ဝ ကျော်   လျော့ နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
ပင်လယ်ရေကြောင်းမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက် ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၇၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့ ကြောင်း သိရသည်။ တင်သွင်းမှုများအနေဖြင့် မလေးရှား နိုင်ငံမှ တန်ချိန် ၂၅၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၅၀ ကျော် တင် သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလ နှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဘိလပ် မြေ တန်ချိန် ၂၆၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက် ထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁  ဒသမ ၃၆၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၆၀ဝ၀ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဘိလပ်မြေ  တန်ချိန် ၂၃၀ဝ ကျော်   လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)