Main menu

Background

ယခုတစ်ပတ်အတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Tue, 10/10/2023 - 11:27 -- journal_editor

နို့ဆီ
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၃  ဒသမ ၇၅၁  သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန်  ၂၅၀ဝ ခန့် တင်သွင်း  ခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၃၂၀ ကျော်၊ စင်ကာပူနိုင်ငံမှ တန်ချိန် ၂၁၀ဝ ကျော်၊ ထိုင်း နိုင်ငံမှ တန်ချိန် ၂၀ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၁၅၀ဝခန့် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နို့မှုန့်
စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ  ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၂ ဒသမ ၇၀၅  သန်း တန်ဖိုးရှိ နို့မှုန့် တန်ချိန် ၈၀ဝ ကျော် နယူး ဇီလန်နိုင်ငံမှ  တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့်တန်ချိန်  ၁၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
စက်တင်ဘာ  ၁ ရက်မှ ၃၀ ရက်ထိ  ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၉  ဒသမ ၄၉၈ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ၀ ခန့် တင်သွင်းခဲ့သည်။  ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊   အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ် ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဆေးဝါး ပစ္စည်းများ တန်ချိန် ၁၀ဝ ကျော်  လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။                                                

      အိမ့် (DOT)