Main menu

Background

ရှမ်းပြည်နယ်မှ ထောပတ်သီးများ ထွက်ရှိ၍ ဈေးကွက်များသို့ တင်ပို့

Tue, 10/10/2023 - 12:16 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ အောင်ပန်း၊ ကလော၊ ရွာငံမြို့ နယ်များမှ ယခင် မိရိုးဖလာ စိုက်ပျိုးထားတဲ့ ဒေသ မျိုးများ၊ ဧကအလိုက် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးထားရှိတဲ့ ကိုင်းဆက်မျိုးများအနက် Booth 7, Buccanee စတဲ့ နိုင်ငံခြားမျိုးများမှာ ဈေးကွက် အတွင်း တင်ပို့ရောင်းချနိုင်တဲ့  အရည်အသွေး ပြည့်ဝပြီး  ရင့်မှည့်တဲ့ အသီးများကို တောင်သူများ၊ ခြံရှင်များက စတင်ခူးဆွတ်၍ ပြည်တွင်းဈေးကွက် များနှင့်  တာချီလိတ်မြို့ပွဲရုံများမှတစ်ဆင့် ထိုင်း နိုင်ငံသို့ ယခင်လဆန်းပိုင်းမှစတင်၍ တင်ပို့ရောင်း ချလျက်ရှိပြီး ဒေသသီးများအနေဖြင့် တောင်ကြီးမြို့ ရှိ ပွဲရုံများ၊ အောင်ပန်းပွဲရုံများတွင် ပိဿာ ၂၀ တစ် အိတ်လျှင်  ကျပ် ၃၅၀ဝ၀-၄၅၀ဝ၀၊   အမရာနှင့် နိုင်ငံခြားကိုင်းဆက်မျိုးများအနေဖြင့် တစ်ကီလို လျှင် ပျမ်းမျှ ကျပ် ၄၀ဝ၀ - ၇၀ဝ၀ ဖြင့် လုပ်ငန်းရှင် များက ရောင်းချကြောင်း သိရသည်။
Hass ထောပတ်သီးအနေဖြင့် အောက်တို ဘာလကုန်ပိုင်းလောက်မှ ရင့်မှည့်မှုနှင့် အဆီဓာတ် ပါဝင်မှု ကောင်းမွန်မှာဖြစ်သည့်အတွက် တောင်သူ များ၊ ခြံရှင်များအား သက်ဆိုင်ရာအသင်းမှ ပညာ ပေးမှုများဆောင်ရွက်ပြီး ယခုလကုန်မှသာ ခူး ဆွတ်ရောင်းချရန်  ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ထွက်ရှိမှုမှာ စိုက်ပျိုးထွက်လုပ်မှုနှင့်ပတ် သက်ပြီး ထုတ်လုပ်မှုစရိတ် ၂၀၂၁ ခုနှစ်နှင့် နှိုင်း ယှဉ်ပါက ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ခြံရှင်အတော်များများက   မိမိစိုက်ဧက၏ ၂၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိသာ အသီးထုတ် ယူနိုင်မည်ဖြစ်ပြီး စိုက်ဧကများသော်လည်း ဈေး ကွက်ဝင် အသီးထုတ်လုပ်နိုင်မှုပမာဏ လျော့ကျ နိုင်ကြောင်း၊ ထောပတ်အသင်း၏  ခန့်မှန်းမှုအရ ယခုနှစ်မှာ Hass ထောပတ်သီးထွက်ရှိမှုအနေဖြင့် ပြည်ပတင်ပို့မှုအတွက် အဆင့်မီ  Hass သီးများမှာ တန် ၁၀ဝ၀ လောက်   ထွက်ရှိနိုင်ကြောင်း သိရ သည်။
ဈေးကွက်တင်ပို့မှုအနေဖြင့်   ယခုနှစ် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့  နယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့်  တင်ပို့သွားမည်ဖြစ်ပြီး အိန္ဒိယဈေးကွက်ကိုလည်း စမ်းသပ်တင်ပို့ခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊   တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် နန်နင်းကုန်စည်ပြပွဲတွင် အသင်းအနေ နဲ့  သွားရောက်မိတ်ဆက်ပြသရာ  ဝယ်ယူလိုတဲ့ ကုမ္ပဏီများရှိပြီး တင်ပို့ရန်အတွက် တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ GACC သို့ တရားဝင်မှတ်ပုံတင်ရရှိရန် လို အပ်ကြောင်း၊ တရုတ်ဈေးကွက် ကြီးမားမှုကြောင့် တရားဝင်တင်ပို့ခွင့်ရရှိပါက စိုက်ပျိုးတောင်သူများ အနေဖြင့် အရည်အသွေးကောင်း ထောပတ်သီး များ ပိုမိုစိုက်ပျိုးထုတ်လုပ်လာပြီး  နိုင်ငံ့ ပို့ကုန် ဝင်ငွေ တိုးတက်လာမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ များမှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးစေလိုကြောင်း သိရသည်။  

 

Myantrade Shan (Taunggyi)