Main menu

Background

မွေးမြူရေး ရေထွက်ကုန်များကို တရုတ်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့မည်

Tue, 10/10/2023 - 12:46 -- journal_editor

ပြည်တွင်းမှ မွေးမြူရေး ရေထွက်ကုန်များကို တရုတ်နိုင်ငံ   အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)နည်းလမ်းဖြင့်   တရုတ် နိုင်ငံသို့ တရားဝင်   တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေနှင့်  ယခင်က   သဘာဝ ရေထွက်ကုန်များကိုသာ တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက် တင်ဘာလအတွင်း နှစ်နိုင်ငံဆွေးနွေးမှု  သဘော တူညီချက်များအရ   မွေးမြူရေး ရေထွက်ကုန်များ ကိုပါ တရုတ်နိုင်ငံသို့ တရားဝင်GACC နည်းလမ်း ဖြင့် တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
]]အခုဆို တရုတ်နိုင်ငံရဲ့    Food Safety Law  က ၂၀၂၁ ခုနှစ်မှာ အသက်ဝင်လာတာ။ သူတို့နိုင်ငံ ထဲ  တင်သွင်းတဲ့  စားသောက်ကုန်စည်တွေအပေါ် သေချာလေး ကြီးကြပ်မှုစနစ်ရှိလာခဲ့တယ်။ တရုတ် နိုင်ငံကို တင်ပို့မယ်ဆိုရင် သူတို့နိုင်ငံရဲ့ လိုအပ်ချက် စံချိန်စံညွှန်းနဲ့အညီ စဉ်ဆက်မပြတ်  ပို့နိုင်ဖို့ လုပ် ဆောင်ရမှာဖြစ်ပါတယ်}}ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး   ဦးညွန့်ဝင်းက    အောက်တိုဘာ ၆ ရက်တွင် ပြောသည်။
တရုတ်ဈေးကွက်သို့   ရေရှည်တင်ပို့နိုင်ရန် ဆိုပါက သတ်မှတ်ထားသည့်စံချိန်စံညွှန်းစည်းကမ်း ချက်များနှင့်အညီ     မွေးမြူထုတ်လုပ်တင်ပို့ရန် လိုအပ်သည်ဟု ဆိုသည်။
လက်ရှိတွင်    မြန်မာနိုင်ငံက  ထွက်ရှိသည့် ရေထွက်ကုန် ၃၀ ရာခိုင်နှုန်းဝန်းကျင်ကို   တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိခြင်းကြောင့်   တရုတ်နိုင်ငံ သည် မြန်မာ့ရေထွက်ကုန်တင်ပို့မှု၏ အဓိက ဈေး ကွက်တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း၊ လေ ကြောင်းနှင့်    နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ပြည်ပသို့  ရေထွက်ကုန်တင်ပို့မှု တန်ချိန် ၁၇၅၀ဝ၀ ကျော်ရှိပြီး    အမေရိကန်ဒေါ်လာ ၂၇၆ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
 

ပန်းဆု