Main menu

Background

အောက်တိုဘာ ဒုတိယပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 10/23/2023 - 14:19 -- journal_editor

ရော်ဘာ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၁၉  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၇၀ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှု အနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၀ဝ ကျော်နှင့် မ လေးရှားနိုင်ငံသို့  ရော်ဘာ ၆၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ဒုတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၅  သန်း တန်ဖိုးရှိ ရော်ဘာ ၁၀၇၉  တန် တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတန်ချိန် ၂၂၄၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆၄ သန်းရရှိခဲ့သည်။ ယခင်တစ်ပတ် ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန် ချိန် ၅၀ခန့်  ပိုမိုတင်ပို့ခဲ့သည်။
ပြောင်း
အောက်တိုဘာ ၇ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန်  ၂၈၈၀ ကျော် တင်ပို့ခဲ့သဖြင့်   အမေရိကန်ဒေါ်လာ သုည ဒသမ ၇၇၅ သန်းရရှိခဲ့သည်။
အောက်တိုဘာဒုတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၉၃ သန်းတန်ဖိုး ရှိ ပြောင်းတန်ချိန် ၁၄၆၀  ကျော် တင်ပို့နိုင်ခဲ့သည်။ နည်းလမ်းနှစ် သွယ်မှ  ပြောင်းတန်ချိန် ၄၃၄၀ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၁၆၈ သန်း ရရှိခဲ့သည်။  ယခင်တစ်ပတ် ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်း တန်ချိန် သုံးထောင်ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

DAAT