Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 10/23/2023 - 14:31 -- journal_editor

ဓာတ်မြေသြဇာ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၆   ဒသမ ၈၀၆သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၆၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၂၀ဝ၀ ကျော်၊  တောင်ကို ရီးယားနိုင်ငံမှ  တန်ချိန် ၁၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၉၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အင်္ဂလန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၄၀ဝ ခန့်၊ ထိုင်း နိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၄၀ ကျော် တင်သွင်းခဲ့ပြီး အနီးစပ်ဆုံကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၂၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှု မှ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၂၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၆၀ဝ ခန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၄၀ဝ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၈၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
နယ်စပ်မှ အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်း တန်ဖိုး ရှိ ဘိလပ်မြေတန်ချိန် ၃၆၀ဝ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ သည်။   အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၆၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။

 
အိမ့် (DOT)