နို့ဆီ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၄ သန်း တန်ဖိုးရှိ နို့ဆီ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၂၀ဝခန့် ပိုမိုတင်သွင်းခဲ့ ကြောင်း သိရသည်။
နို့မှုန့်
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၇၈ သန်းတန်ဖိုးရှိ နို့မှုန့်တန်ချိန် ၁၇၀ ကျော် တင်သွင်းခဲ့ပြီး အမေရိကန်နိုင်ငံမှ တန်ချိန် ၁၅၀ ကျော် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၂၀ ကျော်ဖြစ်သည်။ အနီးစပ် ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့မှုန့် တန်ချိန် ၂၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဆေးဝါးပစ္စည်းများ
အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၇၀ သန်းတန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၅၀ဝ ခန့် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရသည်။
အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၃၀ဝ ကျော် လျော့ နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
အိမ့် (DOT)