ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်မှ ၁၈ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း YSXမှ သိရသည်။ အဆိုပါကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၆၃၂၈၀ စောင်ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၇၁ ဒသမ ဝ၈ သန်းရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI က အစုရှယ်ယာ ၄၂၄၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၇ ဒသမ ၆၆ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ် ယာ ၁၄၂၅၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၂ ဒသမ ၅၄ သန်း ရရှိခဲ့သည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၃၀ဝ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၅၁ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB က အစုရှယ် ယာ ၂၄၃၀ဝ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၁ ဒသမ ဝ၀ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၂၀၂၁ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ဝ၅ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၅၁၄၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀ ဒသမ ၉၄ သန်း ရရှိခဲ့ သည်။ ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၂၇၂၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၁၃ ဒသမ ၁၅ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX)က အစုရှယ်ယာ ၁၀၂၈၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၈ ဒသမ ၂၂ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့သည်။
ပန်းဆု