Main menu

Background

တရုတ်သို့ တင်ပို့ရန် ပြင်ဆင်နေသည့် မြန်မာ့ပြောင်း

Mon, 10/23/2023 - 15:01 -- journal_editor

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကလည်း လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်း ရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ  ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကထွက်ရှိသည့် ပြောင်းများကို ယခင်က ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်ကာလ ကျော်လွန်သွားပြီဖြစ်သောကြောင့်  စက်တင်ဘာလအတွင်းမှစပြီး  သိသိ သာသာ လျော့သွားကြောင်း သိရသည်။ ထို့ကြောင့် ယခု စက်တင်ဘာလမှစပြီး တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး ဘိန်းအစားထိုး ပြောင်းသီးနှံအပြင် GACC နှင့်ပါ တင်ပို့ရန်လုပ်ဆောင်နေခြင်းဖြစ်သည်။ မြန်မာ့ထွက်ကုန် ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့လည်း တင်ပို့ရန်ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ပြည်တွင်းသုံးစွဲမှုမှ ပြောင်းတန်ချိန် တစ်သန်းဝန်းကျင်ခန့်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြောင်းတန်ချိန် သုံးသိန်းဝန်းကျင်  ထွက်ရှိနိုင်ကြောင်း ပြောင်းလုပ်ငန်းရှင်များက ခန့်မှန်းထားကြောင်း သိရသည်။
Source- Htet toe ၊ ဧခိုင်(တောင်ကြီး)