Main menu

Background

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအသားများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင်တင်ပို့ရန် စီစဉ်နေ

Mon, 10/23/2023 - 16:04 -- journal_editor

မြန်မာနိုင်ငံက ပြုပြင်ထုတ်လုပ်သည့် အေးခဲအမဲသား၊ အေးခဲဆိတ်သား၊ အေးခဲဘဲသား စသည့် အေးခဲအသားများကို တရုတ်အပါအဝင်   ပြည်ပဈေးကွက်များဆီသို့ တရားဝင် တင်ပို့ရန် စီစဉ်နေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတွင်း အေးခဲအသားထုတ်လုပ်ရန် လိုအပ်သည့် အရည်အသွေး၊ လိုက်နာရမည့်  ကျင့်စဉ်များအတွက် အမိန့် ညွှန်ကြားချက်များကိုလည်း မကြာမီရက်ပိုင်းအတွင်း ထုတ် ပြန်သွားရန်ရှိကြောင်း   ယင်းဌာနမှ   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက   အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။
အခုထိ အေးခဲသား တရားဝင်တင်ပို့တာက မရှိသေး ပါဘူး။ ဒါပေမဲ့ တရားဝင်တင်ပို့မှုတွေ ဆောင်ရွက်ဖို့ သက်ဆိုင် ရာပို့မယ့် နိုင်ငံရဲ့ လိုအပ်ချက်တွေ၊ ကျန်းမာရေးစစ်ဆေးချက် တွေ ပြည့်ဝအောင်လုပ်ပေးဖို့ လိုပါတယ်။ အဲဒါကို တရုတ်နိုင်ငံ နဲ့ စတင်ဆောင်ရွက်မယ်။ နောက်ဆိုလည်း ကိုယ့်ဆီက အေးခဲ အသားယူမယ့်   နိုင်ငံတွေသူတို့ရဲ့ ကျန်းမာရေးစစ်ဆေးမှု လိုအပ်ချက်တွေ လိုက်နာပြီးဆောင်ရွက်မှာပါ ဟု ၎င်းကပြော သည်။  အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍   လက်ရှိတွင် ရင်းနှီး မြှုပ်နှံသူများနှင့် အဆင့်မီ  သားသတ်ရုံများ တည်ဆောက်ရန် ဆွေးနွေးနေသည့်အပြင် နေပြည်တော်၊ ပဲခူး၊ မိတ္ထီလာတို့ တွင် လည်း   တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဇုန်များ တည်ဆောက်  ထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိ   မြန်မာနိုင်ငံအနေနှင့် လက်ရှိတွင် ကျွဲ၊ နွား အရှင်များကိုG to G  စနစ်ဖြင့် တရုတ်နိုင်ငံသို့သာ တင်ပို့နေ ခြင်းဖြစ်ပြီး ယင်းစနစ်အပြင် တရုတ်နိုင်ငံအကောက်ခွန်အထွေ ထွေအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (GACC) ခွင့်ပြုချက်နှင့်ပါ ကျွဲနွားအရှင် အေးခဲအသားများကိုတင်ပို့ရန် လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း သိရသည်။
အခြားသော နိုင်ငံများကိုတော့   တင်ပို့မည့်နိုင်ငံက လိုအပ်သည့် တိရစ္ဆာန်ပိုင်းဆိုင်ရာ ပရိုတိုကောများကို ညှိနှိုင်း ပြီB to B စနစ်ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ပန်းဆု