Main menu

Background

အောက်တိုဘာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ရရှိ

Tue, 11/07/2023 - 10:50 -- journal_editor

ဆန်
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်တန်ချိန် ၉၁၇၆၀ ကျော် တင်ပို့ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၉၂ သန်း ရရှိခဲ့ သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၇၄၂၀ဝ ကျော်၊  အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန်  ၁၅၀ဝ၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၄၀ တင်ပို့ခဲ့သည်။
ဆန် အများဆုံးတင်ပို့သော အာရှနိုင်ငံများမှာ အင်ဒို နီးရှားနိုင်ငံသို့ ဆန် တန်ချိန် ၅၉၆၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တန်ချိန် ၆၉၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန်  ၆၈၇၀ ကျော်၊  ဟောင်ကောင်သို့ ဆန်တန်ချိန်  ၄၀ဝ ခန့်၊ တရုတ်နိုင်ငံသို့  ဆန်တန်ချိန် ၂၅၀ နှင့် စင်ကာပူနိုင်ငံနှင့် သြစတြေးလျနိုင်ငံသို့ ဆန်တန်ချိန် အနည်းငယ် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၂၉၇၀ ကျော်၊  ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၇၁၀ ကျော်၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ ကျော်၊ လစ်သူရေးနီးယားနိုင်ငံသို့  ဆန်တန်ချိန် ၁၃၇၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၄၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၀ဝ၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၈၃၀ ကျော်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ဂျာမနီနိုင်ငံသို့ ဆန် တန်ချိန် ၄၄၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယား နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ နှင့် ဒိန်းမတ်နိုင်ငံသို့ ဆန်တန်ချိန် ၂၀ဝ တင်ပို့ခဲ့သည်။ အာဖရိကနိုင်ငံများဖြစ်သော နယူးဂီနီ နိုင်ငံသို့ ဆန်တန်ချိန် ၁၅၀ဝ နှင့် မိုဇမ်ဘစ်နိုင်ငံသို့ ဆန်တန် ချိန် ၁၀၄၀ အသီးသီး တင်ပို့ခဲ့သည်။ 
အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ  ၁၉၆  သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၅၀ ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တန်ချိန် ၉၄၃၀ဝ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၅၄ ဒသမ ၁၈၈ သန်း ရရှိခဲ့ သည်။ စက်တင်ဘာလအတွင်း ဆန်တင်ပို့မှု နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၁၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။ 
ဆန်ကွဲ
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၄ သမ  ၉၆၁  သန်း တန်ဖိုးရှိ  ဆန်ကွဲတန်ချိန်  ၃၃၅၉၀ ကျော် တင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲတင်ပို့မှု အနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၂၅၅၀ ကျော်နှင့် အာရှနိုင်ငံ  များသို့ ဆန်ကွဲတန်ချိန် ၁၁၀၄၀ တင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲ တင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ၁၂၄၇၀ ကျော်၊  ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၄၇၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၀ဝ၀၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၇၀ ကျော် အီတလီနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၀ဝ၊ ချက်သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၂၀ ကျော်နှင့် ဆလို ဗေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၃၀ တင်ပို့ခဲ့သည်။ အာရှ နိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၉၆၂၀နှင့် ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၁၄၂၀ တင်ပို့ခဲ့သည်။
အောက်တို ဘာလအတွင်း  မြန်မာ- တရုတ်နယ်စပ် လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ   ဝ၂၃ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၈၂၈ တန်တင်ပို့ခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ ဆန်ကွဲတန်ချိန် ၃၈၄၀ဝ ကျော်တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၈၄ သန်းရရှိခဲ့သည်။ ယခင် လ ဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲတန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
အောက်တိုဘာအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု စုစု ပေါင်း တန်ချိန် ၁၃၂၇၀ဝ ကျော်ရှိပြီး  တန်ဖိုး  အမေရိကန် ဒေါ်လာ ၇၁ ဒသမ ၁၇၂ သန်း ရရှိခဲ့သည်။

အေးအေးသန့် (DOT)