Main menu

Background

အောက်တိုဘာလအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Tue, 11/07/2023 - 10:52 -- journal_editor

အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၈၁ သန်း  တန်ဖိုးရှိ ရော်ဘာတန်ချိန် ၅၃၀ဝ ကျော် တင်ပို့ခဲ့သည်။  ရော်ဘာတင်ပို့သော နိုင်ငံများမှာ  တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၄၁၃၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၀ဝ ကျော် နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၆၀ကျော်နှင့် ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ  ကျော် တင်ပို့ခဲ့သည်။
အောက်တိုဘာလအတွင်း မြန်မာ- တရုတ်  နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ တန်ချိန်  ၂၉၇၈ တန် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ  ၆၅၅ သန်း  ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု ၈၂၇၈ တန်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၀ ဒသမ ၄၃၆ သန်း  ရရှိခဲ့သည်။  ယခင်လ ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန်  ၉၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။ 
အောက်တိုဘာ ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်း ကြောင်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၉၀ဝ ကျော်တင်ပို့ပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ  ၂ ဒသမ ၃၄၈ သန်း ရရှိခဲ့သည်။ 
အောက်တိုဘာလအတွင်း  မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း မှ ပြောင်းတန်ချိန် ၅၉၂၀ တင်ပို့ပြီး  မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း ၉၆ တန် တင်ပို့ခဲ့သဖြင့် နယ်စပ်မှ စုစုပေါင်း ပြောင်းတန်ချိန် ၆၀၁၀ ကျော် တင်ပို့ပြီး တန်ဖိုးအမေရိကန် ဒေါ်လာ  ၁  ဒသမ  ၆၁၉ သန်း ရရှိခဲ့သည်။  နည်းလမ်း နှစ်သွယ်မှ ပြောင်းတင်ပို့မှု တန်ချိန် ၁၄၉၁၀ ကျော်ရှိပြီး တန်ဖိုးအမေရိကန်ဒေါ်လာ  ၃  ဒသမ  ၉၆၇ သန်း ရရှိခဲ့သည်။ ယခင်လ ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်း တန်ချိန် ၄၀ဝ၀ ကျော် လျော့နည်းကြောင်း သိရှိရသည်။ 

အေးအေးသန့် (DOT)