Main menu

Background

အောက်တိုဘာလအတွင်း ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် ဆေးဝါးပစ္စည်း တင်သွင်းမှုအခြေအနေ

Tue, 11/07/2023 - 11:34 -- journal_editor

ဓာတ်မြေသြဇာ
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂၂   ဒသမ ၃၂၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၅၃၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၄၁၀ဝ၀ ကျော်၊ တောင်ကိုရီး ယားနိုင်ငံမှ တန်ချိန် ၄၀ဝ၀ ခန့်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှတန်ချိန် ၃၆၀ဝ ကျော်၊ အီရန်နိုင်ငံမှ တန်ချိန် ၂၀ဝ၀ ခန့်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၁၀ဝ၀ခန့်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အင်္ဂလန်နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀ဝ ခန့်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၄၀ဝ ကျော်၊ ဂျာမနီ နိုင်ငံမှ တန်ချိန် ၁၅၀ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။  
နယ်စပ် ကုန်သွယ်မှုမှ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၄၇၀ဝ ခန့် တင်သွင်း ခဲ့သည်။  တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၁၂၀ဝ ကျော်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၃၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၃၂၀ဝ ကျော်   လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည   ဒသမ ၁၀ဝ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၀ဝ ကျော် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ တင်သွင်းခဲ့သည်။  အနီး စပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ် မြေတန်ချိန် ၇၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်မှ အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ၅၇၅ တန်ဖိုးရှိ  ဘိလပ်မြေ တန်ချိန် ၇၂၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ ဘိလပ်မြေတန်ချိန် ၉၇၀ဝ ကျော် လျော့ နည်းတင်သွင်းခဲ့ကြောင်း သိရသည်။ 
ဆေးဝါးပစ္စည်းများ
အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၂၄၂  သန်းတန်ဖိုးရှိ  ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ဝ၀ ကျော်တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် အာဂျင် တီးနားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေး လျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည် ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်း သိရ သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၀ဝ ကျော်  ပိုမိုတင် သွင်းခဲ့ကြောင်း သိရ သည်။                                                               

အိမ့် (DOT)