Main menu

Background

တစ်ပတ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေ

Mon, 11/20/2023 - 10:34 -- journal_editor

ဆန်
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂  ဒသမ ၇၆၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၈၄၀ ကျော် တင်ပို့ခဲ့သည်။ 
ဆန်တင်ပို့မှုအနေဖြင့်  အာရှ နိုင်ငံများသို့ ဆန်တန်ချိန် ၂၀၆၀ ကျော်၊ အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန် ချိန်‌ ၁၁၉၀ ကျော်နှင့် နယူးဂီနီနိုင်ငံသို့ ဆန်၂၅ တန် တင်ပို့နိုင်ခဲ့သည်။ ဆန် တင်ပို့သော အာရှနိုင်ငံများမှာ ဖိလစ် ပိုင်နိုင်ငံသို့ ဆန်တန်ချိန်  ၁၅၆၀၊ အင်ဒို နီး ရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၇၅ တန် နှင့်  ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၀ တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံ များဖြစ်သော အီတလီနိုင်ငံသို့ ဆန် ၃၂၅ တန်၊  စပိန်နိုင်ငံသို့ ဆန် ၇၅ တန်၊ ပြင်သစ်နိုင်ငံသို့   ဆန်၂၅ တန်နှင့် ဥရောပတောင်ပိုင်းရှိ အန်ဒိုရာနိုင်ငံသို့ ဆန် ၇၆၅ တန် တင်ပို့သဖြင့် ဈေးကွက် သစ် ရရှိခဲ့သည်။ အာဖရိကနိုင်ငံဖြစ် သော  နယူးဂီနီနိုင်ငံသို့  ဆန် ၂၅ တန် တင်ပို့ခဲ့သည်။
နိုဝင်ဘာလ   ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၃၅ သန်းတန်ဖိုးရှိ ဆန် တန်ချိန်  ၁၃၇၀ ကျော် တင်ပို့ ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန် တင်ပို့မှု တန်ချိန် ၆၂၁၀ ကျော်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ သန်း ရရှိခဲ့သည်။
ဆန်ကွဲ
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း  ပုံမှန်ကုန်သွယ်မှု လမ်း ကြောင်းမှ  အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၀၄ သန်းတန်ဖိုးရှိ ဆန်ကွဲ တန် ချိန် ၁၅၈၈၀ ကျော်   တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့်  အာရှနိုင်ငံ များသို့ ဆန်ကွဲတန်ချိန် ၈၈၈၀ ကျော် နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ ၇၀ဝ၀ ကျော်တင်ပို့သည်။ ဆန်ကွဲတင်ပို့ သော အာရှနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ၇၄၈၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၈၈၀ နှင့်ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၂၀ တင်ပို့ခဲ့သည်။ 
အီးယူအဖွဲ့ဝင်  နိုင်ငံများဖြစ် သော  ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန် ချိန် ၄၈၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန် ကွဲတန်ချိန် ၁၅၂၀ ကျော်၊ ပိုလန်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၅၀ဝ၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၀ နှင့် ချက်သမ္မတ နိုင်ငံသို့ ဆန်ကွဲ ၂၆ တန် တင်ပို့ခဲ့သည်။
နိုဝင်ဘာလ  ပထမပတ်အတွင်း မြန်မာ-တရုတ်   နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ  ၃၈၄ သန်းတန်ဖိုးရှိ ဆန်တန်ချိန်  ၈၇၀ ကျော် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၁၆၇၅၀ ကျော် ရှိပြီး  တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၈၈ သန်း ရရှိခဲ့သည်။  

 
DAAT