Main menu

Background

မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတန်ချိန် နှစ်သောင်းရှစ်ရာကျော် တင်ပို့ခဲ့

Mon, 11/20/2023 - 10:39 -- journal_editor

နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း   ပဲမျိုးစုံတင်ပို့မှုများ အနက်မှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ကုန် သွယ်မှုမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၇ဒသမ ၁၀၆ သန်းနှင့်  တန်ချိန် ၂၈၆၀ဝ ကျော်ရှိကြောင်း  တန်ချိန် တန်ဖိုးနှင့်အတူ ဖော်ပြလိုက်ပါသည်။ 
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ်၊ ပါကစ္စ တန်နိုင်ငံသို့   တန်ချိန် ၆၂၀  ကျော်၊ ဗီယက်နမ်နိုင်ငံသို့  တန်ချိန် ၃၀ဝနှင့် မလေးရှား၊  အင်ဒိုနီးရှား၊  ဂျပန်နှင့် အီးယူနိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။ ထို့ပြင်  မြန်မာ-ထိုင်းနယ်စပ်မှလည်း မတ်ပဲ ၆၄ တန် တင်ပို့ခဲ့ကြောင်း သိရ သည်။

ပဲတီစိမ်း

ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၂ ဒသမ ၂၃၅ သန်းဖိုး နှင့် တန်ချိန် ၂၂၉၀ဝ ဖြစ်ပြီး နိုင်ငံ အလိုက် တင်ပို့မှုအနေဖြင့် အိန္ဒိယနိုင်ငံ သို့ တန်ချိန် ၂၀၄၀ဝ ကျော်၊ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၁၀ဝ၀ကျေ
ပဲတီစိမ်း  တင်ပို့မှုမှာ ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ၃၇၈ သန်းဖိုးနှင့် တန်ချိန် ၄၅၃၀ ကျော်ဖြစ်ပြီး ဗီယက်နမ် နိုင်ငံသို့ တန်ချိန် ၁၅၀ဝ၊  အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၁၂၂၀ ကျော်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့တန်ချိန် ၇၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၅၀ဝ တင်ပို့ ခဲ့ပြီး မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့လည်း  ကုန်သွယ် မှုရှိခဲ့ကြောင်း သိရသည်။

ပဲစင်းငုံ
ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၅ သန်း တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၁၃၀ ကျော်တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ တန် ချိန် ၁၀၅၀ ကျော်တင်ပို့ပြီး စင်ကာပူ နိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် အီးယူနိုင်ငံ များသို့လည်း တင်ပို့ခဲ့သည်။ နိုဝင်ဘာ  ဒုတိယပတ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊  ပဲစင်းငုံ တန်ချိန် ၂၈၆၀ဝ ကျော် ကုန် သွယ်မှုရှိခဲ့ကြောင်း သိရသည်။ 

CJ