Main menu

Background

တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 11/20/2023 - 10:58 -- journal_editor

ဓာတ်မြေသြဇာ
နိုဝင်ဘာ  ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃  ဒသမ ၅၈၈ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၇၂၀ဝ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တန်ချိန် ၃၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၂၀ဝ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ လာအို နိုင်ငံမှ တန်ချိန် ၁၀ဝ၀ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော်၊ အိန္ဒိယနိုင်ငံမှ တန်ချိန် ၃၀ ခန့်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၁၀ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ  ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၇၀ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၀ဝ ကျော် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၄၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။
ဘိလပ်မြေ
နိုဝင်ဘာ  ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၂၀ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၃၀ ကျော် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလ နှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဘိလပ်မြေတန်ချိန်  ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်မှ နိုဝင်ဘာ  ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၁ သန်းတန်ဖိုးရှိ ဘိလပ် မြေတန်ချိန် ၂၀ဝ၀ ခန့်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၅၀ဝ ကျော်  လျော့နည်းတင်သွင်းခဲ့ ကြောင်း သိရသည်။                                        

 

   အိမ့် (DOT)