Main menu

Background

အောက်တိုဘာလအတွင်း တရုတ်သို့ ပြောင်းတန်ချိန် ၆၀ဝ၀ နီးပါး တင်ပို့ခဲ့

Mon, 11/20/2023 - 13:29 -- journal_editor

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံကို နယ်စပ်လမ်းကြောင်းမှနေ၍ မြန်မာ့ပြောင်းတန်ချိန် ၆၀ဝ၀ နီးပါး တင်ပို့ခဲ့ ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
တရုတ်-မြန်မာနယ်စပ်မှ     ပြောင်း တန်ချိန် ၅၉၂၀ တန်    တင်ပို့ခဲ့သည့်အပြင် ထိုင်းနယ်စပ်မှလည်း   ပြောင်းတန်ချိန် ၉၆ တန်  တင်ပို့ခဲ့ခြင်းကြောင့် အဆိုပါ  တစ်လ အတွင်း  နယ်စပ်လမ်းကြောင်းများမှတစ် ဆင့် ပြောင်းတန်ချိန် ၆၀၁၀ ကျော် တင်ပို့နိုင် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၉ သန်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင်   အဆိုပါ   အောက်တိုဘာလ အတွင်းမှာပင်    ပုံမှန်ကုန်သွယ်ရေး    လမ်း ကြောင်းမှတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း တန်ချိန်၈၉၀ဝကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၄၈ သန်း    ရရှိခဲ့ခြင်း ကြောင့် တစ်လအတွင်း နည်းလမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှုအနေဖြင့်  တန်ချိန် ၁၄၉၁၀ ကျော်ရှိခဲ့ပြီး တန်ဖိုး ၃ ဒသမ ၉၆၇ သန်း ရရှိ ခဲ့ကြောင်း သိရသည်။
မြန်မာ့ပြောင်းကို တရုတ်၊ ထိုင်း၊ ဖိလစ် ပိုင်၊ ဗီယက်နမ် အစရှိသည့် နိုင်ငံပေါင်း ၇၀ သို့ တင်ပို့လျက်ရှိပြီး ပြည်တွင်း၌  တစ်နှစ် လျှင် ပြောင်းတန်ချိန်    ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြား ထွက်ရှိကြောင်း သိရ သည်။
ပြည်ပတင်ပို့မှုအနေနှင့်     နှစ်စဉ် တန်ချိန် နှစ်သန်းကျော်အထိရှိပြီး အမေရိ ကန်ဒေါ်လာ  သန်း ၆၀ဝ နီးပါးအထိ ပို့ကုန် ဝင်ငွေ ရရှိနေသည့်   စိုက်ပျိုးရေးထွက်ကုန် ဖြစ်သည်။ တစ်နှစ်လျှင် ပို့ကုန်ရငွေ  အမေရိ ကန်ဒေါ်လာ သန်း ၈၀ဝ   ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံအတွက်  ဆန်တင်ပို့မှုပြီးလျှင် ပို့ကုန် ဝင်ငွေ ဒုတိယအများဆုံး ရှာဖွေပေးနေ သည့် စိုက်ပျိုးရေးသီးနှံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်    ပြည်ပသို့ တင်ပို့သည့် အစေ့ထုတ်ပြောင်း အမျိုးအစား ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်  အဓိက စိုက်ပျိုးပြီး စိုက်ဧက  ခုနစ်သိန်းကျော်အထိ ရှိကြောင်း သိရသည်။

 

ပန်းဆု