Main menu

Background

နိုဝင်ဘာလ တတိယပတ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ငါးသောင်းငါးထောင် တင်ပို့

Mon, 12/04/2023 - 10:54 -- journal_editor

ဆန်
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၁၅၁ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၂၉၉၀ဝ တင်ပို့ခဲ့ သည်။
ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၃၀ဝ ကျော်နှင့်  အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန်‌ ၃၅၉၀ ကျော်တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့သော အာရှနိုင်ငံ များမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၆၈၅၀၊ ဖိလစ်ပိုင် နိုင်ငံသို့ ဆန်တန်ချိန်  ၆၄၂၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန် တန်ချိန် ၁၉၀ဝ၊ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၆၁၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ နှင့် ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀ ကျော် တင်ပို့ခဲ့သည်။  ဥရောပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ အန်ဒိုရာနိုင်ငံသို့ ဆန်တန်ချိန် ၁၀၂၀၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၇၅၀၊ ချက်သမ္မတနိုင်ငံသို့ ဆန် ၅၂၇ တန်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ ကျော်၊ ဂျာမနီ နိုင်ငံသို့  ဆန်တန်ချိန် ၃၀ဝ၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘယ်လ် ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၊ ပြင်သစ်နိုင်ငံသို့ ဆန်တန် ချိန် ၅၀နှင့် လစ်ဗျားနိုင်ငံသို့ အနည်းငယ် တင်ပို့ခဲ့သည်။
နိုဝင်ဘာ တတိယပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်း တန်ဖိုးရှိ  ဆန်တန်ချိန်  ၁၄၆၀ ကျော် တင်ပို့ ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု တန် ချိန် ၃၁၃၆၀ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇ ဒဿမ ၉၆၄ သန်းရရှိခဲ့သည်။ နိုဝင်ဘာ ဒုတိယပတ် ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၆၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဆန်ကွဲ
နိုဝင်ဘာလ တတိယပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၆ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၂၁၆၀ တန် တင်ပို့ခဲ့သည်။ ဆန်ကွဲ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၃၄၆၀ ကျော် တင်ပို့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်ကွဲ ၈၆၉၀ ကျော် တင်ပို့သည်။ ဆန်ကွဲတင်ပို့သော အာရှနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ၅၀၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၄၇၃၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲ ၃၄၄၈ တန်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန်  ၂၆၀ တင်ပို့ခဲ့သည်။ ဥရောပနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုများမှာ  ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၅၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၁၉၇၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ၀၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ၀၊ စပိန် နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀ဝ၊ အန်ဒိုရာနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၂၀ နှင့် ချက်သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၀ဝ တင်ပို့ခဲ့သည်။
မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သုည ဒသမ  ၇၃၀ သန်း တန်ဖိုးရှိ ဆန်ကွဲ  ၁၆၆၉ တန် တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန် ချိန် ၂၃၈၂၉ တန်ချိန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒဿမ  ၃၉၆ သန်းရရှိခဲ့သည်။ နိုဝင်ဘာလ ဒုတိယပတ် ဆန်ကွဲတင်ပို့ မှုနှင့်နှိုင်းယှဉ်ပါက  ဆန်ကွဲတန်ချိန် ၇၄၀ဝ ကျော် တင်ပို့ခဲ့ သည်။ နိုဝင်ဘာလ တတိယပတ်တွင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှု စုစုပေါင်း တန်ချိန် ၅၅၀ဝ၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂၈  ဒသမ  ၃၆၀ သန်းရရှိခဲ့သည်။    
 

DAAT