Main menu

Background

နိုဝင်ဘာလ တတိယပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 12/04/2023 - 11:02 -- journal_editor

ရော်ဘာ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၁ ဒသမ  ၄၇၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၁၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာတင်ပို့မှုအနေဖြင့် မလေးရှားနိုင်ငံသို့  တန်ချိန် ၇၀ဝ၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ တန်ချိန် ၃၀ဝ ကျော်နှင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၁၀ဝ ကျော် တင်ပို့ခဲ့သည်။
နိုဝင်ဘာလ တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၁၇ သန်းတန်ဖိုးရှိ  ရော်ဘာတန်ချိန် ၅၃၀ ကျော် တင်ပို့ခဲ့သည်။  နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန်ချိန် ၁၆၃၀ ကျော် ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ  ၁၈၇ သန်းရရှိခဲ့သည်။ နိုဝင်ဘာလ ဒုတိယပတ် ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန်  ၃၀ဝ ကျော်ပိုမိုတင်ပို့ခဲ့သည်။
ပြောင်း
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ  ၈၂၂ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန်   ၃၁၉၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခဲ့သည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုလမ်း ကြောင်းမှ ပြောင်းတန်ချိန် ၃၂၉၀ တင်ပို့ပြီး မြန်မာ- ထိုင်း  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း ၈၈၅ တန် တင်ပို့ခဲ့ သဖြင့် စုစုပေါင်းပြောင်းတန်ချိန် ၄၁၇၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ  ဝ၉၆ သန်း ရရှိခဲ့သည်။ နည်း လမ်းနှစ်သွယ်မှ ပြောင်းတင်ပို့မှု တန်ချိန် ၇၃၆၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ  ၉၁၈ သန်းရရှိခဲ့သည်။
နိုဝင်ဘာလ ဒုတိယပတ် ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

DAAT