Main menu

Background

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ

Mon, 12/04/2023 - 11:10 -- journal_editor

ဓာတ်မြေသြဇာ
နိုဝင်ဘာ  ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၄  ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ  နိုဝင်ဘာ  ၁၈ ရက်မှ ၂၄ ရက် အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၁၆  သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ ကျော် ထိုင်း နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၄၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ  ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၆၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ  တန်ချိန် ၄၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှား နိုင်ငံမှ တန်ချိန် ၂၅၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၄၀ခန့် တင်သွင်းခဲ့ ကြောင်း သိရသည်။
နယ်စပ်မှ နိုဝင်ဘာ  ၁၈ ရက်မှ ၂၄ ရက်အထိ ကာလ အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၁၃၀ သန်း တန်ဖိုး ရှိ ဘိလပ်မြေ တန်ချိန် ၁၆၀ဝ ကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း  သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ  ဘိလပ်မြေတန်ချိန် ၁၄၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ ကြောင်းသိရသည်။                               

               အိမ့် (DOT)