Main menu

Background

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝဥများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့

Mon, 12/04/2023 - 12:03 -- journal_editor

ပြည်တွင်းမှထွက်ရှိသည့်    ဝဥများကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာတွင် အိမ် နီးချင်း တရုတ်နိုင်ငံသို့   အများဆုံး တင်ပို့နေရ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်     စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
တရုတ်သို့ ဝဥများတင်ပို့မှုတွင် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအပြင် ပင်လယ်ရေ ကြောင်းကပါ    တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းခန့်   တင်ပို့ နေရခြင်းဖြစ်ကြောင်း သိရသည်။
ဝဥများတင်ပို့ရောင်းချရာ၌ဝဥအခြောက် နှင့် ဝဥအခြောက်ပြားပြုလုပ်၍ တင်ပို့ရောင်း ချနေခြင်းဖြစ်ပြီး ဝဥအစိုများကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကာ ဝဥအခြောက် ကိုတော့     ထိုင်း၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ လာအိုနှင့် ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့နေ ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများတွင် ဝဥများကို ခေတ်မီ နည်းစနစ်များဖြင့်  ကုန်ချောအသွင်ပြောင်းကာ မုန့်မျိုးစုံ၊အချိုရည်၊စားသောက်ကုန်၊ အလှကုန်၊ စက်မှုကုန်ကြမ်း၊ တိုင်းရင်းဆေးဝါးနှင့် ခေတ်မီ ဆေးဝါးများ ထုတ်လုပ်ကြပြီး စွန့်ပစ်ပစ္စည်းများ ကိုတော့ တိရစ္ဆာန်အစာများအဖြစ် အသုံးပြုကြ ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများသည် အာရှတိုက်အတွင်းရှိ အခြားသောဒေသများမှ ထွက်ရှိသည့်   ဝဥအရည်အသွေးထက်   ပိုမို ကောင်းမွန်သဖြင့်  တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများက အထူးကြိုက်နှစ်သက် ဝယ် ယူကြကြောင်း သိရသည်။
အထူးသဖြင့် ချင်းပြည်နယ်က  ထွက်ရှိ သည့် ဝဥများသည် Glucoman-nan ပါဝင်မှု ကောင်းမွန်သည့်အတွက် ပြည်တွင်း၌ မန္တလေး ဈေးကွက်သို့ အများဆုံးတင်ပို့ရပြီး မန္တလေး ကုန်စည်ဒိုင်များမှတစ်ဆင့် တရုတ်၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိကာ   ထိုနိုင်ငံများမှအနက် တရုတ်နိုင်ငံသည် ဝယ်လိုအား အများဆုံးနိုင်ငံဖြစ်ကြောင်း    သိရ သည်။
ချင်းပြည်နယ်တွင် ဝဥကို မင်းတပ်၊ ကန် ပက်လက်၊ မတူပီနှင့်   ဟားခါးမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာန ၏ စာရင်းများအရ မင်းတပ်တွင် ၄၃၂၅ ဧက၊ မတူပီတွင် ၁၅၆၅ ဧက၊ ဟားခါးတွင်  ၁၅၅၉ ဧက၊ တီးတိန်တွင် ၈၄၇ ဧက၊ ဖလမ်းတွင် ၆၀၉ ဧက၊ ကန်ပက်လက်တွင် ၂၀၃ ဧကနှင့် အခြား မြို့နယ်တို့တွင် ၉၃၃ ဧက   စုစုပေါင်း ဝဥစိုက် ဧက ၁၀ဝ၄၁ ဧက စိုက်ပျိုးထားသည့်အတွက် အခြားတိုင်းဒေသကြီး၊    ပြည်နယ်များနှင့်နှိုင်း ယှဉ်ပါက    ချင်းပြည်နယ်သည်   ဝဥစိုက်ပျိုးမှု အများဆုံးပြည်နယ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချင်းပြည်နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် ခန့်မှန်းခြေအား ဖြင့် ဝဥတန်ချိန် နှစ်သိန်းငါးထောင်ကျော်နီးပါး ထွက်ရှိကြောင်း သိရသည်။
အဆိုပါ ဝဥကို   ချင်းပြည်နယ်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်း ဒေသကြီးနှင့်  ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊   ရခိုင်ပြည်နယ်၊  ရှမ်းပြည်နယ် တို့တွင် အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရ သည်။

 

ပန်းဆု