Main menu

Background

နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိ

Wed, 12/20/2023 - 10:33 -- journal_editor

ဆန်
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၁၉၀ဝ ကျော်တင်ပို့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၆၇၅၈၀ ကျော်နှင့် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၃၀ဝ ကျော် တင်ပို့ခဲ့သည်။
ဆန်တင်ပို့သော အာရှနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၀၈၅၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၈၄၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၇၇၀ ကျော်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၃၇၆၀၊ ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၉၅၀၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ ကျော် နှင့် ဟောင်ကောင်သို့ဆန်တန်ချိန် ၃၃၀ကျော်တင်ပို့သည်။ ဥရောပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှာ ပိုလန်နိုင်ငံသို့ ဆန် တန်ချိန် ၃၇၆၀ ကျော်၊ အင်ဒိုရာနိုင်ငံသို့ ဆန်တန်ချိန် ၂၀၄၀၊ ချက်သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၃၇၆၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၅၀၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၈၅၀၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၄၅၀၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၊ ဆလိုဗေး နီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၂၅၀၊ ပြင်သစ်နိုင်ငံသို့ ဆန် တန်ချိန် ၃၅၀၊ ခရိုအေးရှားနိုင်ငံသို့ဆန်တန်ချိန် ၂၅၀၊ ဂျာမနီ နိုင်ငံသို့ ဆန်တန်ချိန် ၃၁၀ ကျော်၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် တန်ချိန် ၂၅၀ ကျော်၊ လစ်သူယေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘူလ်ဂေးရီးယား နိုင်ငံသို့ ဆန်တန်ချိန် ၁၇၀ ကျော်နှင့် လစ်ဗျားနိုင်ငံသို့ ဆန် တန်ချိန် အနည်းငယ်နှင့် အာဖရိကနိုင်ငံဖြစ်သော နယူးဂီနီ နိုင်ငံသို့လည်း ဆန်တန်ချိန်အနည်းငယ်တင်ပို့ခဲ့သည်။
နိုဝင်ဘာလအတွင်းမြန်မာ-တရုတ်နယ်စပ်ကုန်သွယ် မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃ဒသမ ၆၁၂ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၅၉၀ ကျော် တင်ပို့သည်။ နည်းလမ်း နှစ်သွယ်မှ ဆန်တင်ပို့မှု တန်ချိန် ၈၈၄၉၀ ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၅၀ ဒသမ ၅၀၂ သန်း ရရှိသည်။ အောက်တို ဘာလ  ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၅၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့သည်။ 
ဆန်ကွဲ
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၄၀၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၇၅၇၉၀ ကျော် တင်ပို့ သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲ တန်ချိန် ၃၈၈၄၀ ခန့်နှင့် ဥရောပနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၆၉၅၀ ကျော် တင်ပို့သည်။ ဆန်ကွဲတင်ပို့သော အာရှနိုင်ငံ များမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၁၄၆၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၇၈၀ဝ၊ ဗီယက်နမ် နိုင်ငံသို့  ဆန်ကွဲ ၆၆၃၈ တန်၊  ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၂၈၆၀၊ စင်ကာပူနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ နှင့် မလေးရှားနိုင်ငံသို့ ဆန်ကွဲတန်ချိန် အနည်းငယ်တင်ပို့သည်။ ဆန်ကွဲတင်ပို့သော ဥရောပနိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၉၈၀ဝ၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန် ချိန် ၆၂၅၀၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ တန်ချိန် ၅၁၂၀ ကျော်၊ စပိန်နိုင်ငံသို့ တန်ချိန် ၃၁၅၀၊ ပိုလန်နိုင်ငံသို့ တန်ချိန် ၁၅၀ဝ၊ အင်ဒိုရာနိုင်ငံသို့ တန်ချိန် ၇၈၀ နှင့် ချက်သမ္မတနိုင်ငံသို့ တန်ချိန် ၃၅၀ ကျော် တင်ပို့သည်။
နိုဝင်ဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ် မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၃၅ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၆၄၀ ကျော် တင်ပို့သဖြင့် နည်း လမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၈၀၄၃၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၄၃၉ သန်း ရရှိသည်။ ယခင်လ ဆန်ကွဲတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်ကွဲ တန်ချိန် လေးသောင်းကျော် ပိုမိုတင်ပို့ခဲ့သည်။
နိုဝင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၆၈၉၀ဝ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၉၄၁ သန်းရရှိသည်။                                

DAAT