Main menu

Background

နိုဝင်ဘာလအတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှု အခြေအနေ

Wed, 12/20/2023 - 11:03 -- journal_editor

ဓာတ်မြေသြဇာ
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၀၁ သန်း တန်ဖိုးရှိ  ဓာတ်မြေသြဇာတန်ချိန် ၆၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန်နိုင်ငံမှ တန်ချိန် ၂၅၀ဝ၀ ခန့်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၄၀ဝ၀ခန့်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၄၂၀ဝ ကျော်၊ ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၃၅၀ဝ ခန့်၊ ရုရှားနိုင်ငံမှ တန်ချိန် ၂၀ဝ၀ ကျော်၊ ဘီလာရုစ်နိုင်ငံမှ တန်ချိန် ၁၅၀ဝကျော်၊ လာအိုနိုင်ငံမှ တန်ချိန် ၁၅၀ဝကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၂၀ဝ ကျော်၊ ဆောဒီအာရေဗျနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ကနေဒါနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၂၀ဝ ကျော်၊ အိန္ဒိယ နိုင်ငံမှ တန်ချိန် ၅၀ကျော်၊ အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၃၀ ကျော်၊ မက္ကဆီကိုနိုင်ငံမှ တန်ချိန် ၃၀ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်မှုမှ နိုဝင်ဘာ  ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၈၃ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ ကျော် တင်သွင်းခဲ့ သည်။ တင်သွင်းမှုများအနေဖြင့် ထိုင်းနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ ကျော် တင်သွင်းခဲ့ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်း ယှဉ်ပါက နယ်စပ်ကုန်သွယ်မှုမှ  ဓာတ်မြေသြဇာတန်ချိန် ၃၅၀ဝ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းသိ ရသည်။
ဘိလပ်မြေ
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ သုည  ဒသမ ဝ၈၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၅၀ဝ ကျော် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် မလေးရှားနိုင်ငံမှ တန်ချိန် ၂၅၀ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၂၅၀ ကျော်  တင်သွင်းခဲ့ကြောင်း သိရသည်။ 
နယ်စပ်မှ နိုဝင်ဘာ  ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၅ သန်း တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၅၅၀ဝကျော်  ထိုင်းနိုင်ငံမှ တင်သွင်းခဲ့ ကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၁၈၀ဝ ကျော် လျော့နည်းတင် သွင်းခဲ့ကြောင်း သိရသည်။

အိမ့် (DOT)