Main menu

Background

ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ဆောင်ရွက်နိုင်ပြီဖြစ်

Wed, 12/20/2023 - 11:34 -- journal_editor

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန် အမေ ရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ်သည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစင်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ချင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊  ကော်ဖီစေ့၊ သီဟိုဠ်စေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာ ထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင်သကဲ့သို့ ရေထွက်ပစ္စည်း ကဏ္ဍ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါး ခြောက်များ တင်ပို့လျက်ရှိသည်။ 
ပြည်ပတင်ပို့မှု၌ စက်မှုကဏ္ဍထုတ်ကုန်များ ဖွံ့ဖြိုးတိုး တက်စေရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သစ်ပါး လွှာနှင့် အထပ်သားများ၊ သစ်အချောထည်ထုတ်ကုန်များ၊  ချုပ်ပြီး အထည်၊ သကြားနှင့် အခြားစက်မှုကုန်ချောထုတ်ကုန် များကိုလည်း တင်ပို့လျက်ရှိ သည်။ ဧပြီလမှ ဒီဇင်ဘာလဆန်း ထိတွင် ပြည်ပနိုင်ငံပေါင်း ၁၁၇ နိုင်ငံသို့  ပို့ကုန်အသီးသီး တင်ပို့ခဲ့ပြီး ထိုင်း၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်၊ ဂျာမနီ၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဖိလစ် ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများမှာ ကုန်စည်အလိုက် ဈေးကွက်ဝယ်လိုအား များပြားသည့် နိုင်ငံများဖြစ်သည်။
ပြည်ပ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုအား  ကုမ္ပဏီ ၅၉၃၈ ခုမှ အမှန်တင်ပို့၊ တင်သွင်း  ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ လက်ရှိတွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုအား ပင်လယ်ရေကြောင်းနှင့်  နယ်စပ် ကုန်သွယ်ရေးစခန်းများ အပြင် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့မှုများ ဆောင် ရွက်လျက်ရှိသည်။ ငါးမျိုးစုံ၊ ပုစွန်နှင့် အခြား ရေထွက်ပစ္စည်း များတင်ပို့သည့် လုပ်ငန်းရှင်အချို့မှ ရက်သတ္တပတ်လျှင် တန် ချိန် ၃၀ဝ ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံများသို့ လေကြောင်းဖြင့် တင်ပို့လျက်ရှိသည်။ 
ပို့ကုန် တိုးတက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့်အနေ ဖြင့် ရော်ဘာပို့ကုန်ရငွေဖြင့် လုပ်ငန်းသုံးအတွက်လိုအပ်သည့် ဓာတ်မြေသြဇာတင်သွင်းခွင့်ပြုထားပြီး ဆန်၊ ပဲ၊ ပြောင်းတင်ပို့ သည့် လုပ်ငန်းရှင်များအား ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိ သည့် စက်သုံးဆီကဲ့သို့သော သွင်းကုန်ပစ္စည်းများ တင်သွင်း ခွင့်ပြုမည့် အစီအစဉ်များ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဒေသ အလိုက်၊ ကုန်စည်အလိုက် ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိ လာသည့် ရာသီပေါ်သီးနှံများ၊ ငါး၊ ပုစွန်မွေးမြူရေး ရေထွက် ကုန်များအား  ပြည်ပဈေးကွက်ဝယ်လိုအား မြင့်မားနေသည့် အချိန်ကိုက်  တင်ပို့နိုင်ရေးကို  ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

 

MOC(IR)