Main menu

Background

တာချီလိတ် ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ

Wed, 12/20/2023 - 11:35 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း ၏ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလလုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၉၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၈၂သန်းဖြစ်၍ လျာထားချက်အပေါ် ၅၉ ဒသမ ဝ၉ ရာခိုင်နှုန်း ဆောင်ရွက်ခဲ့သည်။   
ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၄၇၀ သန်းလျော့နည်းပြီး သွင်းကုန်ပိုင်း တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၉ သန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၉ သန်း လျော့ နည်းခဲ့ကြောင်း သိရသည်။ ကာလတူထက် ပို့ကုန်ပိုင်းတွင်လျော့နည်းရ ခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စု၊ အခြားပစ္စည်းအုပ်စုတို့ တင်ပို့မှုပိုမိုခဲ့သော်လည်း ရေထွက်ပစ္စည်းအုပ်စုတွင် လျော့နည်းတင်ပို့ခဲ့သောကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် ကာလတူထက် လျော့နည်းရခြင်းမှာ လူသုံးကုန် ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၁ သန်း ပိုမို တင်သွင်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုည ဒသမ ဝ၀၈ သန်း ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ဒသမ ၂၇၂ သန်း လျော့နည်းခဲ့ခြင်း ကြောင့်ဖြစ်သည်။ 
အနီးစပ်ဆုံးကာလထက် ပို့ကုန်တွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၃ သန်း ပိုမိုခဲ့သော်လည်း သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၈၆ သန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုးအမေရိကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းလျော့နည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် အနီးစပ်ဆုံးထက် ပိုမိုရ ခြင်းမှာ သတ္တုတွင်းထွက်အုပ်စုတွင်  တင်ပို့မှုလျော့နည်းခဲ့သော်လည်း လယ် ယာထွက်ကုန်ပစ္စည်းအုပ်စု၊ အခြားပစ္စည်းအုပ်စုတို့  တင်ပို့မှုပိုမိုခဲ့ခြင်း ကြောင့်ဖြစ်သည်။ 
သွင်းကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်းများအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၉ သန်း ပိုမိုခဲ့သောလည်း လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း  များအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဒသမ ၉၇၅ သန်း လျော့နည်း တင်သွင်းခဲ့ခြင်းကြောင့်ဖြစ်သည်။                                        

အိမ့် (DOT)