Main menu

Background

နိုဝင်ဘာလအတွင်း ပြောင်းနှင့် ရော်ဘာ တင်ပို့မှုအခြေအနေ

Wed, 12/20/2023 - 11:36 -- journal_editor

နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်မှ အမေရိကန် ဒေါ်လာ ၇ ဒသမ  ၆၀၁ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၃၁၃၈၀ ကျော် တင်ပို့သည်။ တင်ပို့မှု အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၃၁၁၇၀၊ ထိုင်ဝမ် သို့ ပြောင်းတန်ချိန် ၁၉၀ ကျော်နှင့် စင်ကာပူနိုင်ငံသို့ ပြောင်း ၂၃ တန် တင်ပို့သည်။
နိုဝင်ဘာလအတွင်း မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်းတန်ချိန် ၁၂၀ဝ၀ ကျော်နှင့် မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း ၉၈၈ တန်ကျော် တင်ပို့သဖြင့် စုစုပေါင်း ပြောင်းတင်ပို့မှု တန်ချိန်၁၂၉၉၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၉၀ သန်းရရှိခဲ့သည်။ နည်းလမ်း နှစ်သွယ်မှ ပြောင်းတင်ပို့မှု တန်ချိန် ၄၄၃၇၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀  ဒသမ  ၉၉၁ သန်း ရရှိခဲ့သည်။ ယခင်လ ပြောင်းတင်ပို့မှုနှင့်  နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၂၉၀ဝ၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိကာလအတွင်း  ပုံမှန်ကုန်သွယ်မှုမှ လမ်း ကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉၀ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန်   ၄၉၄၀ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာ ၂၂၁၅ တန်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ၀ ကျော် နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၇၂၅ တန် တင်ပို့ခဲ့သည်။ 
နိုဝင်ဘာလအတွင်း မြန်မာ-တရုတ်  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၉၇ သန်းတန်ဖိုးရှိ  ရော်ဘာ ၈၂၀ ကျော် တင်ပို့ခဲ့ သည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု တန်ချိန် ၅၇၆၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၈၇ သန်းရရှိသည်။ 
ယခင်လ ရော်ဘာတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၂၀ဝ၀ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။                                              

 

 DAAT