Main menu

Background

ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီ တင်ပို့ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်နေ

Wed, 12/20/2023 - 11:52 -- journal_editor

မြန်မာနိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီကို ဖိလစ် ပိုင်နိုင်ငံသို့   တင်ပို့ခွင့်ရရှိနိုင်ရန်အတွက်  မြန်မာနိုင်ငံ မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်တို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် တင်ပို့ ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ် G to G) သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီ နှင့် အရည်အသွေးကို  အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှုကို အကောင်အထည်ဖော် နိုင်ရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊   ကြက်သွန်ဖြူနှင့် မီးဖို ချောင်သုံးသီးနှံ    စိုက်ပျိုးထုတ်လုပ်သူများနှင့်  တင်ပို့ ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တို့ ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်မှုကော်ပိုရေးရှင်း ((PITC))၊ ဖိလစ်ပိုင်နိုင်ငံ    စိုက်ပျိုးရေးဦးစီးဌာန လက် အောက်ရှိ စက်ရုံနှင့်စက်မှုလုပ်ငန်းဗျူရိုတို့နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  
ဖိလစ်ပိုင်နိုင်ငံ သည် ဒီဇင်ဘာလတွင် ကြက်သွန်နီ တန်ချိန် ၂၁၀ဝ၀ တင်သွင်းနိုင်‌ချေရှိကြောင်း စက်ရုံနှင့် စက်မှုလုပ်ငန်းဗျူရိုက နိုဝင်ဘာလ၂၇ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ခရစ္စမတ်ကာလအတွင်း ကြက်သွန်နီ ပြတ်လပ်မှု ကို ရှောင်ရှားရန်နှင့် ဖြစ်ပေါ်လာနိုင်သော   ဈေးနှုန်းမြင့် တက်မှုကို ထိန်းချုပ်ရန်အတွက် ကြက်သွန်နီ ပမာဏကို လုံလောက်စွာ တင်သွင်းမည်ဖြစ်သောကြောင့်  မြန်မာ ဘက်မှလည်း အဆိုပါ  တင်သွင်းမှုတွင် ရောင်းချပေးနိုင် ရန်အတွက်  ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်၊ အိန္ဒိယ၊ သြစ တြေးလျ၊ တောင်ကိုရီးယား၊ နယ်သာလန်နှင့် နယူးဇီလန် နိုင်ငံတို့မှုနေ၍ ကြက်သွန်နီများ  တင်သွင်းနေခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိတွင်  မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံ သို့  တင်ပို့နေသော်လည်း   တရုတ်၊ ထိုင်းနှင့် ဗီယက်နမ် ကုန်သည်များကတစ်ဆင့်   ရောင်းချနေရခြင်းဖြစ်သည့် အတွက် ကုန်ကျစရိတ် မြင့်မားသောကြောင့် တိုက်ရိုက် တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
ပြည်တွင်း၌ ကြက်သွန်နီကို မန္တလေးတိုင်းဒေသ ကြီး၊     မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ တွင် စိုက်ပျိုးကြပြီး နှစ်စဉ် တန်ချိန် ငါးသောင်းကျော်ကို ပြည်ပဈေးကွက်များသို့   တင်ပို့လျက်ရှိကြောင်း သိရ သည်။

ပန်းဆု